ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး


Ministry of Information/ Naypyitaw / September 16, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ရေဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ငူခရိုင် သဘာဝဘေးကွပ်ကဲမှုရုံး ဖွင့်လှစ်ထားသည့် သာသနာ့ဗိမာန်၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းလူမှုကူညီရေးအသင်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ ညွှန်ကြားချက်များကို ထပ်ဆင့်အသိပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေဆံတော်ဘုရား အောင်မင်္ဂလာခန်းမတို့၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ရေဘေးသင့်ပြည်သူများ၏ အခြေခံလိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သဘာဝဘေးလျော့ပါးရေးအတွက် ပြည်သူများအနေဖြင့် သဘာဝဘေးနှင့်ဆက်နွှယ်သည့် အသိပညာများ ပြည့်စုံရန်လိုအပ်သဖြင့် အချင်းချင်း လက်ဆင့်ကမ်းပြောကြားကြစေလိုကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် စုပေါင်းညီညာစွာဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့မှုအတိုင်း ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေဘေးရှောင်စခန်းများဖွင့်လှစ်၍ နေ့စဉ်စားသောက်မှုနှင့် ကျန်းမာ ရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် စီစဉ်ဆောက်ရွက်ပေးနေ မှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ခြင်း၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ကလေးငယ်များအတွက် မုန့်များထောက်ပံ့ပေးနေမှု၊ ချက်ပြုတ်ကျွေးမွေးသည့်နေရာများ၊ သောက်ရေ၊ သုံးရေ စီစဉ်ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုတို့ကိုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်များရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၃ စုမှ အိမ်ထောင်စု ၂၀၀၀၀ ကျော်၊ လူဦးရေ ၈၇၀၀၀ ကျော် ရေဘေးသင့်လျက်ရှိပြီး ယာယီရေဘေးရှောင်စခန်း ၁၀၀ နှင့် ဆွေမျိုးများ နေအိမ်များသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ အသက်အန္တရာယ် ထိခိုက်သူမရှိကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရတို့က နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပံ့ပိုးကူညီလျက်ရှိသည်။

ထို့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း) နှင့် ဇနီး ဒေါ်မြမြစန်းမိသားစုက ပျဉ်းမနားမြို့ အုန်းတောပရိယတ္တိစာသင်တိုက်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထမင်းဘူး ၃၀၀ လှူဒါန်းခဲ့ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဒေါက်တာအေးခိုင်ညွန့်မိသားစုတို့က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက်နှင့် လှေခွင်းတောင် တောင်ခြေ ကယ်ဆယ်ရေးစခန်းတို့ရှိ ရေဘေးသင့်ပြည်သူများအတွက် မာမီးမွန်းစတားအသင့်စားပါကင် ၁၈၀၊ မာမီးခေါက်ဆွဲထုပ်အထုပ် ၃၀ ပါ ၁၂ ဖာ၊ အအေးဘူး ၂၀၄ ဘူး၊ VIgo အသင့်စားကွေကာ ၂၄ ပါကင်ပါ နှစ်ဖာ၊  ထမင်းဟင်းဘူး ၃၀၀ တို့ကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3511 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download