ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / November 05, 2024
နေပြည်တော် နိုဝင်ဘာ ၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်မည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီးများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဖွင့်ပွဲ/ပိတ်ပွဲကျင်းပမည့် နေရာ၊ LED တပ်ဆင်မည့်နေရာနှင့် မီးများတပ်ဆင်အသုံးပြုမည့် နေရာများကိုလည်းကောင်း၊ ဖျော်ဖြေရေး အဖွဲ့များနှင့် အားကစားသမားများ ဝင်/ထွက်သွားလာမည့် နေရာများကိုလည်းကောင်း၊ ဖျော်ဖြေတင်ဆက်မည့် သီချင်းများအလိုက် ဆက်တင်ပစ္စည်းများ ထည့်သွင်းအသုံးပြုမည့် အစီအစဉ်များကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် အသေးစိတ်ဆွေးနွေးညှိနှိုင်းကြပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် အလွတ်ခုန် လေထီးလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့သက်ဆိုင်ရာကဏ္ဍ အလိုက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်
Newspaper - 2973 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ နိုဝင်ဘာ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက်၊ နိုဝင်ဘာ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ ရက်၊ နိုဝင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်၊ နိုဝင်ဘာ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်၊ နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download