ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဌာနပိုင်ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှု လှည့်လည်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဌာနပိုင်ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှု လှည့်လည်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / November 05, 2024
နေပြည်တော် နိုဝင်ဘာ ၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မြို့နယ် Yangon Innovation Centre (YIC) ရှေ့ရှိ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဌာနပိုင်ဇင်ယော်(၁)၊ (၂)၊ (၃) ရေယာဉ်သုံးစင်းကို ရေယာဉ်တစ်စင်းချင်းအလိုက် ဝန်ထမ်းများတာဝန်ထမ်းဆောင်မှု၊ စက်ခန်းများနှင့် ရေယာဉ်တက်မခန်းများအခြေအနေ၊ ရေယာဉ်တစ်စင်းချင်းအလိုက် ဒေါက်တင်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် စစ်ဆေးရေးလုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိ မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားရောက်၍ လေဆိပ်ရှိ CIP Leunge အစည်းအဝေးခန်းမ၌ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကိုတွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ နိုင်ငံတကာအဆင့်မီ စိစစ်ဆောင်ရွက်နိုင်ရေးနှင့် နည်းပညာတတ်ကျွမ်းနားလည်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် အမည်မည်းစာရင်းရေးသွင်း ထားသူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရန် စနစ်တကျစိစစ်တားဆီးနိုင်ရေးနှင့် အမည်မည်းစာရင်း မရှိသူများကို မှားယွင်းတားဆီးမှုမရှိစေရေး အလေးအနက်ထား ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိစေရန်လိုအပ်ပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် လိုကြောင်း ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်းအခြေအနေ၊ ရက်လွန်ဒဏ်ကြေးအခငွေ ကောက်ခံဆောင်ရွက်သည့် ကောင်တာနှင့် အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ သတင်းပို့ကောင်တာ၊ ပြည်ပဆိုက်ရောက်ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် ရောက်ရှိလာသည့် ခရီးသည်များ စစ်ဆေးခွင့်ပြုဆောင်ရွက်သည့် ကောင်တာများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3031 items
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download