ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မသန်စွမ်းအားကစားသမားများနှင့် ဖျော်ဖြေတင်ဆက်ကြမည့် မြန်မာ့ခြင်းလုံးအလှခတ်အဖွဲ့၏ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / November 10, 2024
image_latest


ရန်ကုန် နိုဝင်ဘာ ၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မသန်စွမ်းအားကစားသမားများနှင့် အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကြမည့် မြန်မာ့ခြင်းလုံးအလှခတ်အဖွဲ့များ ဇာတ်တိုက်လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အားကစားခန်းမ၌ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲတွင် ဖျော်ဖြေတင်ဆက်ကြမည့် မသန်စွမ်းအားကစားသမားများနှင့် နည်းပြများအား နွေးထွေးလှိုက်လှဲစွာဖြင့် တစ်ဦးချင်းစီ နှုတ်ဆက်အားပေးစကား ပြောကြားသည်။

 ကြိုးစားယှဉ်ပြိုင်

ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့်ပြည်နယ်ခြောက်ခုမှ မသန်စွမ်းအားကစားသမား ၁၄၂ ဦးနှင့် တွေ့ဆုံပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်မယ်များအနေဖြင့် မသန်သော်လည်း စွမ်းကြောင်းဖြင့် စိတ်ဓာတ်နှင့်စွမ်းဆောင်မှုအား ထုတ်ဖော်ပြခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ ဘဝကိုအရှုံးမပေးဘဲ မသန်သော်လည်း စွမ်းဆောင်နိုင်ကြောင်းကို အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံနှင့် တစ်ကမ္ဘာလုံးက စိတ်ဝင်တစား ကြည့်ရှုနေကြမည့်ပရိသတ်များအား ပြသနိုင်တော့မည်ဖြစ်ပါကြောင်း၊ မသန်စွမ်းအားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် ကြိုးပမ်းအားထုတ်မှုတို့ကို ပြည်သူများက ဂုဏ်ယူစွာဖြင့် ကြည့်ရှုအားပေးနေမည်ဖြစ်၍ ကြိုးစားယှဉ်ပြိုင်မှုမှ မိမိတို့၏စွမ်းရည်ကို အကောင်းဆုံး ပြသနိုင်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ အနုပညာရှင်များနှင့် မသန်စွမ်းအားကစားသမားများ စုပေါင်း၍ ‘စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ်’ တေးသီချင်းဖြင့် အကတိုက်နေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အစည်းအဝေးခန်းမသို့ရောက်ရှိရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဗိုလ်မှူးကြီး ဌေးအောင်နှင့် အတွင်းရေးမှူးတို့က အဖွဲ့ချုပ်၏သမိုင်းအကျဉ်း၊ မသန်စွမ်းမှုအမျိုးအစားများ၊ အဖွဲ့ချုပ်၏ရည်ရွယ်ချက်၊ အမျိုးသားအားကစားပွဲတော်တွင် မသန်စွမ်းအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မသန်စွမ်းအားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှု၊ အစားအသောက်ကျွေးမွေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲတို့တွင် မသန်စွမ်းအားကစားသမားများ ပါဝင်ဖျော်ဖြေမည့်အစီအစဉ်တွင် စခန်းသွင်းလေ့ကျင့်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲဝင်တိုင်းဒေသကြီးနှင့်ပြည်နယ် ခြောက်ခုမှ မသန်စွမ်းအားကစားသမားများအား ထောက်ပံ့ငွေကျပ် သိန်း ၂၀ ကိုပေးအပ်ရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများက လက်ခံရယူသည်။

ထို့နောက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် စားရိပ်သာသို့ရောက်ရှိပြီး အာဟာရသုံးဆောင်နေသော အားကစားသမားများအား ရင်းနှီးဖော်ရွေစွာ တွေ့ဆုံအားပေးစကားပြောကြားရာ အားကစားသမားတို့၏ မျက်ဝန်းတွင် ပြိုင်ပွဲအတွက် ခွန်အားပြည့်ဝသောစိတ်ဓာတ်၊ ဝမ်းသာကြည်နူးမှုနှင့် ပျော်ရွှင်သောစကားသံတို့သည် စားရိပ်သာအတွင်း လွင့်ပျံ့ခဲ့သည်။

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ အားကစားအဖွဲ့သည် ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲတွင် အားကစားနည်းလေးမျိုးကို ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ အဆိုပါအားကစားနည်းလေးမျိုးတွင် ပြေးခုန်ပစ်၊ ဘော်လီဘော၊ စစ်တုရင်ပြိုင်ပွဲကို လယ်ဝေးမြို့ အားကစားကွင်းနှင့် ရေကူးအားကစားပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းတို့တွင် ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်နှင့် ၈ ရက်တို့၌ ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ပြည်သူအများ မသန်စွမ်းအားကစားသမားများ၏ စွမ်းဆောင်ရည်ကို လာရောက်ကြည့်ရှုအားပေးနိုင်သည့်အပြင် မသန်စွမ်းအားကစားသမားများ လေ့ကျင့်နေစဉ်အတွင်း၌ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

ကြည့်ရှုအားပေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ရောက်ရှိရာ အမျိုးသားအားကစားပွဲတော်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းတင်ဆက်သည့် “ထိုးကွင်းလေးနှင့် ခြင်းခတ်သူ” ရုပ်ရှင်တေး‌သီချင်းဖြင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ လက်ရွေးစင်အားကစားသမား အမျိုးသား ခြေက်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်ခြောက်ဦးတို့၏ ဝိုင်းခြင်း၊ အလှခတ်၊ ကြိမ်ကွင်းနှင့် ပုလင်းပဒေသာ စသည့်သရုပ်ပြ အလှပြကွက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ အမျိုးသားအားကစားပွဲတွင် နောက်ခံတီးခတ်မည့် မြန်မာ့ဆိုင်းအဖွဲ့၏ တီးမှုတ်မှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ထိုသို့ ကြည့်ရှုအားပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမားများနှင့် ဝန်ကြီးဌာနများမှ အားကစားသမား ၈၀၀၀ အပါအဝင် ရုပ်ရှင်၊ သဘင်၊ ဂီတအဖွဲ့အစည်းများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံသူနိုင်ငံသားများ အမိနိုင်ငံကို ချစ်မြတ်နိုးစိတ်၊ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပိုမိုခိုင်မာစေမည့် အမျိုးသားအားကစားပွဲတော်ကြီးဖြစ်ပါကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို တစ်နိုင်ငံလုံးနှင့် တစ်ကမ္ဘာလုံးသို့ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်၍ မြန်မာနိုင်ငံ၏ စည်းလုံးမှု၊ ညီညွတ်မှု၊ နိုင်ငံကိုချစ်မြတ်နိုးမှုနှင့် အားကစားကို တန်ဖိုးထားမှုတို့ကို ပြသနိုင်တော့မည်ဖြစ်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်

Newspaper - 3049 items

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၁၇ ရက်၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download