ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့နှင့်ချူရှုံ့ ပြည်နယ်ခွဲများသို့ လေ့လာရေးခရီးစဉ်သွားရောက်


Ministry of Information/ Naypyitaw / November 14, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိကျင်းပသည့် တရုတ် - မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ယူနန်ပြည်နယ်ကောင်စစ်ဝန် ဦးသွင်ထက်လင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ချူရှုံ့ပြည်နယ်ခွဲများသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြသည်။

သွားရောက်လေ့လာ

မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက် ယမန်နေ့ညနေပိုင်းတွင် ကူမင်းမြို့ရှိ ယူနန်ပြည်နယ် သယ်ယူပို့ဆောင်ရေးနှင့် သက်မွေးပညာ လူငယ်သင်တန်းကျောင်း ဒီဂရီကောလိပ်သို့ သွားရောက်လေ့လာသည်။

နိုဝင်ဘာ ၁၃ ရက် ယနေ့နံနက်ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ်၊ ချူရှုံ့ပြည်နယ်ခွဲ ယောင်အန်းခရိုင်ရှိ “အရှေ့တိုင်း နှင်းဆီ တောင်ကြား” လယ်ယာစိုက်ပျိုးရေး ဥယျာဉ်သို့ မော်တော်ယာဉ်များဖြင့် သွားရောက်ကြပြီး တျန်းယွင်၊ ယွမ်ရှို့၊ ရှု့ချို၊ ထျန်းလန်စသည့် တရုတ်ဂန္ဓမာပန်း၊ ထာဝရပန်းနှင့် နှင်းဆီပန်းများကို ဖန်လုံအိမ် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး တရုတ်ပြည်တွင်းနှင့် ပြည်ပသို့ ကူမင်းနိုင်ငံတကာ ပန်းမန်စင်တာမှတစ်ဆင့် ပို့ဆောင်ဖြန့်ချိမှု၊ မြေယာရှုခင်းအလှဆင် နှင်းဆီပန်းပျိုးပင်များအား ခေတ်မီစိုက်ပျိုးရေးနည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု၊ ခေတ်မီစက်မှုလယ်ယာစိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ချေးငွေများထုတ်ပေးပြီး မတည်ဆောင်ရွက်ပေးမှု အခြေအနေများ ရှင်းလင်းပြသမှုကို ကြည့်ရှုလေ့လာကြသည်။

ကြည့်ရှုလေ့လာ

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကွမ်းလုရှေးမြို့ဟောင်း ယဉ်ကျေးမှုနယ်မြေသို့သွားရောက်ပြီး ရှေးဟောင်းအမွေအနှစ် အဆောက်အဦများနှင့် အသုံးအဆောင်များထိန်းသိမ်းထားရှိမှု၊ ပြည်တွင်း / ပြည်ပ ခရီးသွား လုပ်ငန်း တိုးတက်ဖွံ့ဖြိုးစေရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာကြသည်။

ထိုမှတစ်ဆင့် ချူရှုံ့မြို့သို့ ဆက်လက်သွားရောက်ကြပြီး ဝန်ဆောင်မှုစင်တာတွင် ချူရှုံ့ပြည်နယ်ခွဲတာဝန်ခံက ညစာစားပွဲနှင့်အတူ ရိုးရာအဆိုအကတို့ဖြင့် ဧည့်ခံဖျော်ဖြေရာ မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း ပြန်လည်သီဆို၊ ကပြဖျော်ဖြေခဲ့ကြပြီး မြနန္ဒာတေးသီချင်းဖြင့်စုပေါင်း၍ ပျော်ရွှင်စွာသီဆိုကပြဖျော်ဖြေကာ ညစာစားပွဲကို ရုပ်သိမ်းလိုက်သည်။

ညပိုင်းတွင် ထိုက်ယံလိပန်းခြံရင်ပြင်နှင့် တရုတ် - ယွီတိုင်းရင်းသားတို့၏ နေပြက္ခဒိန်ဆိုင်ရာနှင့် နက္ခတ်တာရာပြတိုက်ကို သွားရောက်လေ့လာကြသည်။

ပြုပြင်ထိန်းသိမ်း

အဆိုပါ ပန်းခြံရင်ပြင်တွင် ပြည်သူများနှင့် ခရီးသွားဧည့်သည်များ ပျော်ရွှင်အေးချမ်းစွာ အပန်းဖြေသီဆိုကခုန်၊ ကစားနိုင်ရန် စီစဉ်ပေးထားကြောင်း၊ ၎င်းနေရာတွင် ပြည်နယ်ခွဲအတွင်း ရင်းနှီး ခင်မင်စွာ နေထိုင်ကြသော တရုတ်တိုင်းရင်းသားလူမျိုးစု ခြောက်မျိုးအတွက် ကိုယ်စားပြုပန်းအိုးကြီး ခြောက်လုံးကို အလယ်တွင်ဗဟိုပန်းအိုးကြီးတစ်လုံးထည့်သွင်း၍ တင့်တယ်ခမ်းနားစွာ ပြုလုပ်ထားရှိပြီး နှစ်စဉ်စုပေါင်း ပျော်ပွဲရွှင်ပွဲနှင့် ဆုတောင်းပွဲကိုလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပကြကြောင်း၊ ပြတိုက်တွင်လည်း တရုတ် - ယွီတိုင်းသားရိုးရာ နေပြက္ခဒိန်ကို ကမ္ဘာ့အစောဆုံး ပြက္ခဒိန်ငါးခုတွင်စတင်၍ ခေတ်ပြိုင်ပါဝင် တီထွင်အသုံးပြုနိုင်မှုကို ရုပ်ပုံ/ရုပ်တု၊ ရှေးဟောင်းပစ္စည်း များဖြင့် ဆင်ယင်ပြသထားရှိသည့်အပြင် ယင်းနှင့်သက်ဆိုင်သည့် မိရိုးဖလာဒဏ္ဍာရီကိုလည်း ထည့်သွင်းဆောင်ရွက်ထားကြောင်း၊ အဆိုပါ ပန်းခြံရင်ပြင်နှင့် ပြတိုက်ကို ၂၀၀၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အကြီးစားပြုပြင်မွမ်းမံကာ နှစ်စဉ်လည်းပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချူရှုံ့မြို့ရှိ တျန်းမှိုဘုရင် GPX Hotel တွင် ညအိပ်ရပ်နားခဲ့ကြသည်။

သတင်းစဉ်

Newspaper - 2982 items

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်၊ နိုဝင်ဘာ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ နိုဝင်ဘာ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်၊ နိုဝင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ နိုဝင်ဘာ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download