ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပြည်ထောင်စုနယ်မြေ မကျည်းပင်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ ပြန်လည်ထူထောင်ရေးစီမံကိန်း ဖော်ဆောင်နေမှုသွားရောက်ကြည့်ရှု
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပြည်ထောင်စုနယ်မြေ မကျည်းပင်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ ပြန်လည်ထူထောင်ရေးစီမံကိန်း ဖော်ဆောင်နေမှုသွားရောက်ကြည့်ရှု
Ministry of Information/ Naypyitaw / December 05, 2024

နေပြည်တော် ဒီဇင်ဘာ ၄
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အတူ နေပြည်တော် ပြည်ထောင်စုနယ်မြေ မကျည်းပင်ကျေးရွာအုပ်စုညောင်ပင်သာကျေးရွာသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးစီမံကိန်းဖော်ဆောင်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုသည်။
ပြောကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ညောင်ပင်သာကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ ကျေးရွာအား ဝန်ကြီးဌာနမှ ဖော်ဆောင်လျက်ရှိသည့် ခရီးသွားစံပြကျေးရွာများအနက် တစ်ရွာအဖြစ်ပါဝင်လာနိုင်ရန် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ ကျေးရွာသူ ကျေးရွာသားများ ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးရွာ၌ လူထုအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ပါက ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်ဖိတ်ခေါ်နိုင်ပြီး ဒေသခံများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေ မည်ဖြစ်ကြောင်း၊ ကျေးရွာရှိဒေသခံများအနေဖြင့် မိမိတို့၏ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ညောင်ပင်သာကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က ဒေသခံများထံသို့ စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး ကျေးရွာအတွင်း Community Center တည်ဆောက်မှုအခြေအနေနှင့် လူထုအခြေပြုသဘာဝအခြေခံခရီး သွားလုပ်ငန်းဖော်ဆောင်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3318 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။
