ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများဂုဏ်ပြု
ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများဂုဏ်ပြု
Ministry of Information/ Naypyitaw / December 22, 2024
နေပြည်တော် ဒီဇင်ဘာ ၂၁
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျန်းမာရေး စောင့်ရှောက်မှုတွင် ပါဝင်ဆောင်ရွက်သည့် အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ၊ အထောက်အကူပြု ကျန်းမာရေးဝန်ထမ်းများ၊ ပံ့ပိုးအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားအားကစားပွဲတော် ကျန်းမာရေးစောင့်ရှောက်မှုတွင် ဆေးကုသရေးလုပ်ငန်းအတွက် နေပြည်တော်ရှိ ကျန်းမာရေးဝန်ထမ်းများသာမက တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျန်းမာရေးဝန်ထမ်းများပါ စုစည်းဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့ပြင်ကျန်းမာရေးဝန်ကြီး ဌာနသာမက တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဆေးဘက် ဆိုင်ရာဝန်ထမ်းများပါ စုဖွဲ့၍ လူအင်အား ၃၀၀ နီးပါး ဆေးအဖွဲ့များဖွဲ့စည်းကာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟာမှုမရှိအောင် စီမံအုပ်ချုပ်မှုဆောင်ရွက်ပေးသော တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အားကစားပြိုင်ပွဲများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားအားကစားပြိုင်ပွဲကာလတစ်လျှောက်လုံးတွင် လူနာ ၅၈၀၀ ကျော် ကြည့်ရှုကုသပေးနိုင်ခဲ့ပြီး အားကစားပြိုင်ပွဲများတွင် ထိခိုက်မှုလူနာပေါင်း ၁၃၇၁ ဦး၊ တိုင်းရင်းဆေးခန်းတွင် လူနာ ၁၄၈၇ ဦး၊ အထူးကုဆေးခန်းများတွင် လူနာ ၉၂ ဦး၊ တည်းခိုနေထိုင်သည့်နေရာများတွင် ၂၃၁၄ ဦး၊ ဖျော်ဖြေရေးအဖွဲ့များ လေ့ကျင့်ခြင်းနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများတွင် ၅၅၇ ဦး၊ ဆေးရုံတက်ရောက်ကုသသူပေါင်း ၄၂ ဦးတို့ကို ကုသမှုများပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3020 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download