ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နေသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများအား သွားရောက်တွေ့ဆုံ


Ministry of Information/ Naypyitaw / February 05, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၄‌

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်နှင့်အတူ နေပြည်တော် ဥတ္တရခရိုင် ဥတ္တရသီရိ မြို့နယ်ရှိ သစ်တောသုတေသနစခန်း အမှတ် ၅၊ မိုးစွေသို့ သွားရောက်၍ တောတွင်းလက်တွေ့လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ တတိယနှစ် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ကျောင်းသား ကျောင်းသူများအနေဖြင့် စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ပြီး ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားသွားရန်လိုကြောင်း၊ ထို့ပြင် မဟာဘွဲ့နှင့်ပါရဂူဘွဲ့သင်တန်းများအတွက်လည်း အခွင့်အလမ်းများစွာရှိကြောင်း၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်သည် စာတွေ့နှင့် လက်တွေ့ပေါင်းစပ်သင်ကြားပေးသည့် တက္ကသိုလ်ဖြစ်သည့်အပြင် သုတေသနဆိုင်ရာလုပ်ငန်းများနှင့် ဆက်စပ်နေသည့်အတွက် သုတေသနလေ့လာမှုများကိုလည်း ဆောင်ရွက်သွားစေလိုကြောင်း၊ တက္ကသိုလ်မှ သင်ကြားပေးလိုက်သည့် စာတွေ့သင်ခန်းစာများနှင့် ယခုတောတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်မှုများပေါင်းစပ်၍ ကြိုးစားလေ့လာသင်ယူသွားရန်၊ ကျောင်းသား ကျောင်းသူအချင်းချင်း Team Work ဖြင့် ဆောင်ရွက်သွားရန်မှာကြားပြီး တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ၏ တောတွင်း ကွင်းဆင်းဆောင်ရွက်နေမှုနှင့် သင်ကြားပို့ချနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် တတိယနှစ် ကျောင်းသား ကျောင်းသူများအနေဖြင့် ယခုတောတွင်း လက်တွေ့ကွင်းဆင်းရာတွင် တောအမျိုးအစားခွဲခြားခြင်းနှင့် သစ်မျိုးခွဲခြားခြင်း၊ သစ်တောမြေဆီလွှာနှင့် သစ်တောမြေတိုင်းတာခြင်း၊ ကြိုးဝိုင်းနယ်နိမိတ်နှင့် အကွက်နယ်နိမိတ်စစ်ဆေးခြင်းနှင့် နယ်နိမိတ်ဘုတ်တိုင်များပြင်ဆင်ခြင်း၊ ပျိုးဥယျာဉ်တည်ထောင်ခြင်း၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းတွင် ကျရောက်တတ်သည့် ပိုးမွှာများကာကွယ်ခြင်း၊ စိုက်ခင်းဟောင်းများ မီးကာကွယ်ခြင်း၊ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3519 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download