ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း “Mekong-Ganga Food Festival” ပွဲတော် တက်ရောက် အမှာစကားပြောကြား


Ministry of Hotel & Tourism/ နေပြည်တော် / February 24, 2025


နေပြည်တော် ဖေဖော်ဝါရီ ၂၃

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့ဆောင်ရွက်မှုနှင့် အတွေ့အကြုံ ဖလှယ်မှုများမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သွားနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြို့မှ အိန္ဒိယသံရုံးသည် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်းနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်တို့နှင့် ပူးပေါင်း၍ “Mekong-Ganga Food Festival” ပွဲတော်ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ယခင်ဝန်ကြီးများရုံး၌ ကျင်းပရာ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တက်ရောက်အမှာစကား ပြောကြား သည်။

အဆိုပါပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ရန်ကုန်မြို့ အိန္ဒိယနွယ်ဖွားအမျိုးသမီးများအသင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်တို့မှ ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အိန္ဒိယသံအမတ်ကြီးနှင့် ပွဲတော် တက်ရောက်လာကြသူများသည် မြန်မာအစားအစာပြခန်းများ၊ အိန္ဒိယအစားအစာပြခန်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းပြခန်းများ၊ လက်မှုပစ္စည်းနှင့် အဝတ်အထည်ပြခန်းများကို လှည့် လည်ကြည့်ရှုအားပေးကြပြီး ပွဲတော်အခမ်းအနားကို ဆီမီးထွန်းညှိပူဇော်၍ စတင်ဖွင့်လှစ် ပေးကာ အသင်းအဖွဲ့များက အိန္ဒိယတေးသီချင်း၊ မြန်မာတေးသီချင်းများ၊ အကအလှများဖြင့် ကပြသီဆို ဖျော်ဖြေကြသည်။

ထို့နောက် အိန္ဒိယသံအမတ်ကြီး၊ အိန္ဒိယနွယ်ဖွားအမျိုးသမီးများ အသင်းနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်တို့မှ ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားမှတစ်ဆင့် မြန်မာ - အိန္ဒိယ နှစ် နိုင်ငံအကြား ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် အတွေ့အကြုံကောင်းများ ဖလှယ်ခြင်း ဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သွားနိုင်မည့် အခွင့်အရေးတစ်ခုကို ရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (The Mekong– Ganga Cooperation -MGC) အား အိန္ဒိယနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် အာဆီယံ(၅)နိုင်ငံပါဝင်သော အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဓိက ဆောင်ရွက်မှုများတွင် ယဉ်ကျေးမှုဖလှယ်ခြင်းများမှတစ်ဆင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အချက် တစ်ချက်ပါဝင်ပါကြောင်း၊ ယနေ့အစားအစာပွဲတော်အခမ်းအနားသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကောင်းမွန်သော ဆောင်ရွက်ချက်တစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အာဆီယံ အစား အစာပွဲတော်ကဲ့သို့ ခရီးသွားမြှင့်တင်ရေးဆိုင်ရာအစီအစဉ်များကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ပွဲတော်မှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြော ကြားသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကပြဖျော်ဖြေတင်ဆက်ကြသူများအား အမှတ် တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့သည် ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspaper - 3087 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်၊ ဖေဖော်ဝါရီ ၁၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ ဖေဖော်ဝါရီ ၁၆ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၁၅ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download