ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် တောင်ကြီးမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် တောင်ကြီးမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / March 23, 2025

နေပြည်တော် မတ် ၂၂
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မင်းကျောင်းဘုန်းတော်ကြီးကျောင်း၌ တောင်ကြီးမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ်ပြားရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက် အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Bio metric) ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ် တစ်ပါ တည်း ထုတ်ပေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် ပန်းခင်းစီမံချက် အဆင့် (၁) နှင့် အဆင့် (၂) တွင် ရာနှုန်းပြည့် နီးပါးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဆင့်(၃)တွင် အကြောင်း အမျိုးမျိုးကြောင့် ဆောင်ရွက်ရန် ကျန်ရှိမှုနှင့်ထပ်မံ၍ အသက် ၁၈ နှစ်ပြည့်လာမည့် သူများအတွက် ယခုပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိဆောင်ရွက်ရန် ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားစုစုပေါင်း တစ်သိန်းခုနစ်သောင်း ကျော်ထုတ်ပေးရန်လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရရှိသည့် လူဦးရေအချက်အလက်များ ပြည့်စုံမှန်ကန်ရေးနှင့် သတ်မှတ်ချိန်အမီတင်ပြနိုင်ရေး စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက် အဆင့်(၃)လျာထား သတ်မှတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ယာယီရွှေ့ပြောင်းနေထိုင် လာသူများ စာရင်းကောက်ယူ ပြုစုထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အမှာစကားပြောကြား
ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းများအောင်မြင်ရေးအတွက် ကဏ္ဍအလိုက်ဆောင်ရွက်နေမှု၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆက်လက်၍ တောင်ကြီးမြို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းရုံး၌ ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံးများမှ ဦးစီးမှူးများနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ယာယီရွှေ့ပြောင်းရောက် ရှိနေကြသည့် ဝန်ထမ်းများအားတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက်အဆင့် (၃) လျာထားချက်ပြည့်မီ ပြီးစီးရေးတို့အတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်မှု၊ ပြည်သူများ လာရောက်ဆောင်ရွက်ရာတွင် အဆင်ပြေစွာဝန်ဆောင်မှု ပေးနိုင်ရေးလုပ်ငန်းစဉ်တိုင်းကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download