ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နေပြည်တော်-မန္တလေးရထားလမ်းပိုင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသည့် ရထားလမ်းပိုင်းနေရာများ၊ ဘူတာများနှင့် စမုံတံတား ပြန်လည်ပြုပြင်ရေးလုပ်ငန်းခွင်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နေပြည်တော်-မန္တလေးရထားလမ်းပိုင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသည့် ရထားလမ်းပိုင်းနေရာများ၊ ဘူတာများနှင့် စမုံတံတား ပြန်လည်ပြုပြင်ရေးလုပ်ငန်းခွင်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / April 13, 2025

နေပြည်တော် ဧပြီ ၁၂
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ပြင်းထန်ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် နေပြည်တော် - မန္တလေးရထားလမ်းပိုင်းအတွင်း ရထားလမ်းနေရာများ၊ ပြိုကျပျက်စီးသွားသည့် ရထားဘူတာများနှင့် စမုံဘူတာနှင့် သပြေတောင်းဘူတာအကြားရှိ တံတားအမှတ်- ၆၉၁ (စမုံတံတား) ပြန်လည်ပြုပြင်ရေးလုပ်ငန်းခွင်နေရာများသို့ ဧပြီ ၁၁ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မှာကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးအောင်မြိုင်၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်မှ RBE အထူးရထားဖြင့် စတင်ထွက်ခွာပြီး မကျီးပင်ဘူတာ အဆောက်အအုံပျက်စီးမှုများကို စစ်ဆေးကြည့်ရှု၍ ဝန်ထမ်းများဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ရထားသွားလာရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ယာယီဘူတာအဖြစ် အသုံးပြုနိုင်ရန် ရွက်ဖျင်တဲတစ်လုံးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် ရမည်းသင်းမြို့နယ် ညောင်လွန့်ဘူတာနှင့် ငှက်သိုက်ဘူတာအကြား ရထားလမ်းကို Automatic Lining, Levelling and Tamping Machine-ALLTM စက်ယန္တရားအသုံးပြု၍ ကြံ့ခိုင်တောင့်တင်းစေရေး ဆောင်ရွက်နေသည့်လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ဆက်လက်၍ သဲတောနှင့်စမုံအကြားရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ထားသည့် တံတားအမှတ် ၆၇၇ အစုန်နှင့် အဆန်တံတား နှစ်စင်းတို့ကို ရထားသွားလာမှု စိတ်ချလုံခြုံမှုရှိစေရေး လိုအပ်သည့် ပြုပြင်မွမ်းမံမှုများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စမုံဘူတာသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို စစ်ဆေး၍ ရထားလုပ်ငန်းများ ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်ရေး ယာယီဘူတာ အဖြစ် အသုံးပြုနိုင်မည့် ရွက်ဖျင်တဲတစ်လုံးနှင့် စားသောက်ဖွယ်ရာများကို ဝန်ထမ်းများသို့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ မကြာမီက ရေတိုက်စားမှုကြောင့် ပျက်စီးမှုများကို ပြန်လည်ပြုပြင်နေဆဲ ဖြစ်သော တံတားအမှတ် ၆၉၁ စမုံတံတားသို့ ရောက်ရှိလာရာ လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြချက်အပေါ် တည်ဆောက်နေဆဲ ဖြစ်သည့် ရေလမ်းထိန်းသိမ်းရေး တမံတည်ဆောက်မှုတွင် ငလျင်ဒဏ်ကြောင့် ထပ်မံထိခိုက်ထားသည့်နေရာများ၌ သတ်မှတ်စံချိန်စံညွှန်း များအတိုင်းရရှိအောင် ပြန်လည်ဆောင်ရွက်ရေး၊ တံတားကမ်းကပ်ခုံနှင့် ရေလယ်တိုင်များ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို မိုးမကျမီပြီးစီး အောင်ဆောင်ရွက်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထိုမှ တစ်ဆင့်ဟံဇားဘူတာနှင့် ရွာပုလဲဘူတာအကြား၌ ရထားလမ်းကြံ့ခိုင်တောင့်တင်းရေးအတွက် Automatic Lining, Levelling and Tamping Machine-ALLTM စက်ယန္တရားကြီးဖြင့် လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား အားပေးခဲ့သည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်ဘူတာယာဒ်ဝင်း၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ဘူတာ အဆောက်အအုံများ၊ ရထားသွားလာမှု ထိန်းချုပ်သည့် မျှော်စင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ရထားပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ရထားစီးကြမည့်ခရီးသည်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ဦးစားပေးဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ဌာနအချင်းချင်းညှိနှိုင်း ပေါင်းစပ်အကောင်အထည်ဖော် ကြရေးလမ်းညွှန်မှာကြားသည်။ ထို့နောက် နေပြည်တော်-သာစည် လမ်းပိုင်း၊ သာစည် - မန္တလေး လမ်းပိုင်းနှင့် သာစည် - ဘုရားငါးဆူ လမ်းပိုင်းတို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျ၊ ပျက်စီးခဲ့သည့် ဘူတာများတွင် ယာယီဘူတာများအဖြစ် အသုံးပြုနိုင်ရေးအတွက် ထပ်မံလိုအပ်သည့် ရွက်ဖျင်တဲ ၁၈ လုံးတို့ကို ပေးအပ်ခြင်းနှင့် ဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Newspaper - 3134 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ ဧပြီ ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ ဧပြီ ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ ဧပြီ ၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download