ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေး တက်ရောက်ပြီး ဝန်ထမ်းများ အမိုးအကာအောက်ထားရှိမည့်နေရာများအား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေး တက်ရောက်ပြီး ဝန်ထမ်းများ အမိုးအကာအောက်ထားရှိမည့်နေရာများအား ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / April 13, 2025

နေပြည်တော် ဧပြီ ၁၂
စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ခြံအမှတ် အေ-၅ ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှု ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ တက်ရောက်သည်။
အစည်းအဝေး၌ နေပြည်တော်ရှိ ဝန်ထမ်းများအား အမိုးအကာအောက်တွင် ထားရှိနိုင်ရေးအတွက် ယာယီတဲများအား ထပ်မံဆောက်လုပ်နိုင်ရေး၊ အဆောက်အအုံအလွတ်များတွင် ဝန်ထမ်းများနှင့် မိသားစုဝင်များအားထားရှိနိုင်ရေး၊ စက်ရုံအသီးသီးရှိ အဆောက်အအုံအလွတ်များတွင် ဝန်ထမ်းများထားရှိ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး၊ နေပြည်တော်ရှိဝန်ထမ်းများအနက် အမိုးအကာအောက်သို့ မရောက်ရှိသေးသည့် အင်အားစာရင်းအား အမြန်ဆုံးကောက်ယူ၍ အမိုးအကာအောက် ရောက်ရှိရေးစီမံဆောင်ရွက်ရေး၊ ပြည်နယ်/တိုင်း ဒေသကြီးအသီးသီးရှိ အုတ်စက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ အမိုး၊ အမိုးပြားစက်ရုံ၊ အထပ်သားစက်ရုံ၊ သံ/သံမဏိ စက်ရုံတို့၏ တစ်နေ့ထုတ်လုပ်နိုင်မှုအခြေအနေ တို့နှင့် လက်ရှိလိုအပ်နေမှုတို့ကို နှိုင်းယှဉ်၍ သုံးသပ်ထားရှိရေး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် စက်ရုံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရေး၊ ဝန်ထမ်းအိမ်ရာများအား စစ်ဆေးရေးအဖွဲ့များက စစ်ဆေးသည့် အစီရင်ခံစာအပေါ် ဆောင်ရွက်ရန်အချက်များကို ချက်ချင်းအကောင်အထည်ဖော်နိုင်ရန် ပြင်ဆင်ထားရှိရေး၊ ငလျင်လှုပ်ခတ်မှုကြောင့် စက်ရုံ၊ အဆောက်အအုံများ ပျက်စီးခဲ့မှုနှင့်ပတ်သက်၍ ပြင်ဆင်နေမှု၊ ပြီးစီးမှုတို့ကို စနစ်တကျမှတ်တမ်းထားရှိရေး ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းအတည်ပြုခြင်းများ ဆောင်ရွက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် စက်မှု ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီအဖွဲ့ဝင်များသည် ဝန်ထမ်းများအား သောက်ရေသန့်များ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရေသန့်စက်အားပြုပြင်နေမှု၊ ဝန်ထမ်းများအား အမိုးအကာအောက်တွင် ထားရှိနိုင်ရေးအတွက် ရုံးအမှတ်(၃၇)ရှိ အဆောက်အအုံအလွတ်များအား ပြင်ဆင်နေမှု၊ ရုံးအမှတ်(၄၁)၊ ယာဉ်ရပ်နားကွင်း အတွင်းရှိ ယာယီအဆောက်အအုံများတွင် ဝန်ထမ်းများအား နေရာချထားပြီးစီးမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သောက်ရေ၊ သုံးရေ များ အပြည့်အဝရရှိစေရေး စီမံဆောင်ရွက်ပေးရန်၊ သန့်ရှင်းသည့်ယင်လုံအိမ်သာများ တည်ဆောက်ပေးရန်နှင့် ဝန်ထမ်းများထားရှိသည့် ပတ်ဝန်းကျင်အား သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ပေးရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3134 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ ဧပြီ ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ ဧပြီ ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ ဧပြီ ၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download