ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်လမ်းလျှောက်သင်္ကြန် ဧရိယာအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးသင်္ကြန်ဆင်နွှဲနေမှုများကို တက်ရောက်အားပေး


Ministry of Information/ Naypyitaw / April 15, 2025
image_latest


နေပြည်တော် ဧပြီ ၁၄

နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် ယနေ့သင်္ကြန်(အကျ)နေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားတောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံဧရိယာအတွင်းကျင်းပ လျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်း မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနေသည့် ပြည်သူများနှင့် ဝန်ထမ်းများ စားသုံးနိုင်ရန် ခေါက်ဆွဲဘူးများနှင့် နှစ်ဟောင်းမှ အဆိုးအညံ့တို့ နှစ်သစ်တွင် တစ်ဦးနှင့်တစ်ဦး ရေပက်ကစားခြင်းဖြင့် သန့်စင်နိုင်ရန် ရည်ရွယ်၍ ရေဖလားများ ဝေငှပေးသည်။

ထို့နောက် အေးသင်္ကြန်တွင် ပါဝင်ဆင်နွှဲကြသည့် ပြည်သူများအတွက် စတုဒိသာအဖြစ် မြန်မာ့ရိုးရာ မုန့်များကျွေးမွေးနေမှု၊ အေးသင်္ကြန်မဏ္ဍပ်များအတွင်း တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ သပြေခက်ဖြင့် ရေပက်ကစားခြင်းနှင့် နှစ်ဟောင်းမှအဆိုးအညံ့တို့ ပျောက်စေပြီး အကောင်းအသန့်တို့ ရောက်စေရန်ရည်ရွယ်၍ ရေဖလားများဖြင့် ရေပက်ကစားခြင်းတို့ကို ကြည့်ရှု အားပေးသည်။

နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နှစ်စဉ်ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့် ဒေသများရှိ ပြည်သူအများအပြား ထိခိုက်နစ်နာမှုများရှိခဲ့သဖြင့် ယခုနှစ်တွင် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုများမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ နိုင်ငံတော်က အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)အဖြစ် ကျင်းပဆောက်ရွက်လျက်ရှိသည်။

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်အဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့်လည်း သနပ်ခါးဇုန်ကို ထည့်သွင်းထားရာ ပြည်သူများ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်သနပ်ခါးကို ထိန်းသိမ်းသည့်အနေဖြင့် မြတ်နိုးစွာလိမ်းခြယ်နိုင်ရေး စီမံဆောင်ရွက်ထားကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3135 items

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၆ ရက်၊ ဧပြီ ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၇ ရက်၊ ဧပြီ ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download