ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နေပြည်တော်၊ ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေနှင့် သစ်ဆိပ်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နေပြည်တော်၊ ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေနှင့် သစ်ဆိပ်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / April 20, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့်မြေထိန်းနံရံအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ခေတ်အေးသစ်ဆိပ်သို့ သွားရောက်၍ သစ်ဆိပ်အတွင်း သစ်မာသစ်လုံး ၄၃၀၀ တန် စုပုံထားမှု အခြေအနေနှင့် သစ်စက်များသို့ သစ်လုံးများ တင်ပို့နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သစ်မျိုးအလိုက် သစ်ဆိပ်လက်ကျန် ကျန်ရှိမှု၊ သစ်စက်များသို့ ပို့ဆောင်ပြီးစီးမှု၊ ခွဲစိတ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက သစ်စက်များသို့ သစ်လုံးများပို့ဆောင်ရေး၊ သစ်စက်များတွင် သစ်ခွဲသားများခွဲစိတ်ရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လိုအပ်ပါက သစ်ဆိပ်များတွင် သစ်ခွဲစက်များ တည်ထောင်၍ ခွဲစိတ်ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်ဧရိယာအပြင် အခြားတိုင်းဒေသကြီးများရှိ သစ်ဆိပ်များမှ သစ်လုံးများအား သစ်စက်များသို့ တင်ပို့ခွဲစိတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သစ်ဆိပ်များမှ သစ်လုံးများအား သယ်ယူပို့ဆောင်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စနစ်တကျစီမံဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ ဝန်ထမ်းမိသားစုများ ယာယီ ရွှေ့ပြောင်းထားရှိသော နေရာများသို့သွားရောက်၍ ဝန်ထမ်းမိသားစုများအတွက် နေထိုင် စားသောက်ရေး စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Newspaper - 3139 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download