ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 12, 2025

ရန်ကုန် မေ ၁၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးခွန်သန့်ဇော်ထူးသည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရုံးအဆောက်အအုံနှင့် ရုံးမြေဧရိယာအတွင်း ကားပါကင်မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်းရှိ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်ခန်းများ၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ဘဏ္ဍာရန်ပုံငွေဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဝန်ထမ်းအိမ်ရာများ၊ အမှိုက်များ စနစ်တကျစွန့်ပစ်မှုရှိစေရေး၊ ဝန်ထမ်းအိမ်ရာရှိ သန့်စင်ခန်းများ ပြုပြင်ပေးနိုင်ရေးလုပ်ငန်းများနှင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြုပြင်ဆောင်ရွက်မည့် အပျိုဆောင်အဆောက်အအုံကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာအဖွဲ့ ဖွဲ့စည်း၍ အဆောက်အအုံကြံ့ခိုင်မှုရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားသည်။
ယင်းနောက် နန်းမြင့်မျှော်စင်အား ကြည့်ရှုစစ်ဆေးကာ ပြုပြင်သင့်သည်များကို အင်ဂျင်နီယာတွက်ချက်မှုဖြင့် ဆင့်ကဲတင်ပြခွင့်ပြုချက်ရယူပြီး ပြုပြင်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားများ၏ အဓိကပြယုဂ်တစ်ခုပင်ဖြစ်ပြီး အများပြည်သူများ စိတ်ချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရန်အတွက် အမြဲသန့်ရှင်းသာယာလှပပြီး စိန်းလန်းစိုပြည်နေရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပါ လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရန် ပြောကြားသည်။
ယင်းနောက် တာဝန်ခံအရာရှိက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်
Newspaper - 3160 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။
