ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှုဇုန်လေ့လာ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှုဇုန်လေ့လာ
Ministry of Information/ Naypyitaw / June 05, 2025

နေပြည်တော် ဇွန် ၄
ဟိုင်နန်ပြည်နယ် ဟိုင်ခုန်မြို့တော် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှု လွတ်လပ်သောကုန်သွယ်ရေးဇုန် ကော်မတီ၏ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သောမြန်မာကိုယ်စား လှယ်အဖွဲ့သည်ဇွန် ၁ ရက်မှ ၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှု လွတ်လပ်သောကုန်သွယ်မှုဇုန် (Haikon Integrated Free Trade Zone) သို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁ ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံကူမင်းမြို့မှတစ်ဆင့် ဟိုင်နန်ပြည်နယ်ဟိုင်ခုန်မြို့သို့ ရောက်ရှိ၍ ဇွန် ၂ ရက် နံနက်ပိုင်းတွင် လွတ်လပ်သောကုန်သွယ်မှု ဇုန်ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှု ဇုန်သို့သွားရောက်လေ့လာရာ ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏အလုပ် အမှုဆောင်အတွင်းရေးမှူးနှင့် ဒုတိယမြို့တော်ဝန်ဖြစ်သူ Mr. Lu Min နှင့် အဖွဲ့ဝင်များက ရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့က ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှု ဇုန်အတွင်းရှိ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး စက်မှုဥယျာဉ်၊ခေတ်မီစိုက်ပျိုးရေးနှင့် စားသောက်ကုန်များထုတ်လုပ်သည့် စက်ရုံ၊ လက်ဝတ်ရတနာ ထုတ်လုပ်သည့်စက်ရုံ၊ စံချိန်စံညွှန်း မီစိန်နှင့်ကျောက်မျက်ရတနာ ထုတ်လုပ်သည့်စက်ရုံများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုစင်တာတို့ကို လေ့လာကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှုဇုန်ကော်မတီနှင့်တွေ့ဆုံကာ ကျောက်မျက်ရတနာလုပ်ငန်းများ အဆင့်မြင့်/ ဆင့်တက်ပြုပြင်မှုနှင့် နည်းပညာတိုးမြှင့်စေရန်အတွက်လည်းကောင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် အခွန်လွတ်အရောင်းပြခန်းများ (China Duty Free Shop)၊ ဟိုင်ခုန်အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းစင်တာနှင့် ဟိုင်နန်ပြတိုက်များကို လေ့လာခဲ့သည်။
ဇွန်၃ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုင်နန်ပြည်နယ်ပါတီ၏ အမြဲတမ်းကော်မတီဝင်နှင့် ဟိုင်နန် မြို့ဒေသကော်မတီအတွင်းရေးမှူးဖြစ်သူ Mr. FAN Shaojun နှင့် Grand Hotel Haikou ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ်ဆက်ဆံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုတိုးတက်ကောင်း မွန်လာမှုအခြေအနေများ၊ ဟိုင်နန်လွတ်လပ်သောကုန်သွယ်မှု ဆိပ်ကမ်း (Hainan Free Trade Port) ဆိုင်ရာကိစ္စရပ်များ၊ ကျောက်မျက်ရတနာကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများဖြင့်ပေါင်းစပ် ဆောင်ရွက်နိုင်မည့် နည်းလမ်းကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Grand Hotel Haikou ၌ကျင်းပသည့် ဟိုင်ခုန်-မြန်မာစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဖလှယ်ရေးအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေး လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များ၏ အခြေ အနေများ၊ ဟိုင်နန်နှင့် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံရှိ ကျောက်စိမ်းနှင့် ကျောက်မျက်ကဏ္ဍအခွင့်အလမ်းများနှင့် ဟိုင်နန်လွတ်လပ် သောကုန်သွယ်မှုဆိပ်ကမ်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို အလေးပေးဆွေးနွေး ပြောကြားခဲ့သည်။
ယင်းနောက်ပြည်ထောင်စု ဝန်ကြီးဦးဆောင်သောမြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဟိုင်ခုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ညပိုင်းတွင်ပြန်လည် ရောက်ရှိခဲ့သည်။
ယခုခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3185 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download