ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားအဖွဲ့များ စခန်းသွင်းလေ့ကျင့်နေမှု ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားအဖွဲ့များ စခန်းသွင်းလေ့ကျင့်နေမှု ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / June 11, 2025
ရန်ကုန် ဇွန် ၁၀
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းအတွင်းရှိ Synthetic ပြေးလမ်းပါ ဘောလုံးလေ့ကျင့်ရေးကွင်း(၁)၌ ပဏာမလက်ရွေးစင် ပြေးခုန်ပစ်တာလတ် အားကစားလေ့ကျင့်နေမှု၊ အမြင့်ခုန်အားကစား လေ့ကျင့်နေမှုနှင့် ကြိုးတပ်သံလုံးပစ်လေ့ကျင့်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြား ကာ လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝူရှူးအားကစားလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် ဝူရှူးအားကစားသမားများ လေ့ကျင့်နေမှုနှင့် ခြင်းလုံး အားကစားရုံ၌ ပဏာမလက်ရွေးစင်ခြင်းလုံးအားကစား သမားများလေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လှုပ်ရှားကစားရာ၌ နည်းစနစ်မှန်ကန်ပြီး လျင်မြန်ဖျတ်လတ်မှုရှိရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ လေ့ကျင့်ကစားကြရန် မှာကြားသည်။
ထို့နောက် ပန်ကြပ်ဆီလပ်လေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် ပန်ကြပ်ဆီလပ်အားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှု၊ ကရာတေးလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် ကရာတေးအားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှုနှင့် ဗဟန်းမြို့နယ်ရှိ ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ ပဏာမလက်ရွေးစင် ဘတ်စကက်ဘောအားကစားသမားများလေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် အောင်မြင်မှုဆုတံဆိပ်များရရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3469 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
