ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဂွေးချို-ချောက်ကားလမ်းဘေးရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန်ဧရိယာ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / July 11, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် အမြဲတမ်းအတွင်းဝန်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း- ညောင်ဦးကားလမ်းဘေး တပင်ကန်အနီးရှိ ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော သစ်တောစိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဂွေးချို- ချောက်ကားလမ်းဘေးဆင်က ကြိုးပြင်ကာကွယ်တောတွင် ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေ၊ ဂွေးချို-ချောက်ကားလမ်းဘေးရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန် ဧရိယာ (Greening Complex Zone) ဂွေးချို-ချောက်ကားလမ်းရှိ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေး ဝဲ/ယာ စိမ်းလန်း စိုပြည်ရေး စိုက်ခင်းများနှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းတို့ အောင်မြင်ဖြစ်ထွန်းနေမှု၊ ကျောက်ပန်းတောင်း - မကွေးကားလမ်းမိုင်တိုင်အမှတ်(၃၅၈/၃)ရှိ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးထားသော ရေနံချောင်းမြို့နယ် ယာကြီးပြင် ကျေးရွာဘက်စုံသုံး တစ်ရွာနှစ်ဧက စိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ် နတ်ကန်ဦးကြိုးပြင် ကာကွယ်တောရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန် စီမံကိန်းဧရိယာ၌ ၂၀၂၅ ခုနှစ် မိုးရာသီလူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပမည့်နေရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ်တွင် စိုက်ပျိုးထားသော အထူးစိမ်းလန်းစိုပြည် ရေးဇုန်စီမံကိန်း၌ အပင်များအောင်မြင်ဖြစ်ထွန်းနေမှု၊ ၂၀၂၂ ခုနှစ်တွင် စိုက်ပျိုးထားသော စံပြတမာစိုက်ခင်း ဧက ၁၀၀ တို့ကို ကြည့်ရှုစစ်ဆေးပြီး အောင်မြင်ဖြစ်ထွန်းနေမှုများ ဆက်လက်ထိန်းသိမ်းသွားရန် မှာကြားသည်။

ထို့နောက် ရေနံချောင်းမြို့နယ်ရှိ ဖန်ခါးစမ်းအမြဲတမ်းပျိုးဥယျာဉ်ရှိ မိုးရာသီတွင် အထူးစိမ်းလန်း စိုပြည်ရေးဇုန်စီမံကိန်းအတွက် စိုက်ပျိုးရန်ပျိုးထောင်ထားသော ပျိုးပင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3220 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download