ပြည်ထောင်စုဝန်ကြီးဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး
ပြည်ထောင်စုဝန်ကြီးဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး
Ministry of Information/ Naypyitaw / July 11, 2025

နေပြည်တော် ဇူလိုင် ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် မကျီးပင်ပုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများဖြင့် အစုအဖွဲ့လေးဖွဲ့မှ နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နို့စားနွားမွေးမြူသူတောင်သူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်းများအတွက် သမဝါယမအသင်းရန်ပုံငွေ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများဖြင့် လိုအပ်သည့်မျိုး၊ အစာနှင့်ခြံတည်ဆောက်ခြင်းများအတွက် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နို့စားနွားမွေးမြူသူ တောင်သူများနို့နှင့် နို့ထွက်ပစ္စည်းများ တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီး နို့စားနွားမွေးမြူသူ အသင်းသားများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် သဲကုန်းကျေးရွာရှိ သဲကုန်းမွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ နို့စားနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် မိတ္ထီလာမြို့နယ် လိန်တောကျေးရွာ၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသူများ၏ စက်ချုပ်လုပ်ငန်းဆောင်ရွက်နေသူငါးဦး၏ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးကလုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောအရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်ကလိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် မိတ္ထီလာမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ကျေးလက်နေပြည်သူများ၏ဝင်ငွေတိုးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စေတနာထားလုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများတင်ပြချက်မျာကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3220 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download