ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၏ ကုသရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု
ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၏ ကုသရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု
Ministry of Information/ Naypyitaw / July 18, 2025

နေပြည်တော် ဇူလိုင် ၁၇
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ သွားရောက်၍ လေးထပ်ကုသဆောင်သစ်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးဌာန ပြောင်းရွှေ့ဖွင့်လှစ်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အထူးကုပြင်ပလူနာဌာနများ ဖွင့်လှစ်ထားရှိမှု၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး ပြင်ပလူနာဌာန ဖွင့်လှစ်ထားရှိမှု၊ အတွင်းလူနာဆောင်များ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုနှင့် ပြန်လည်သန်စွမ်းရေးအတွက် လေ့ကျင့်ခန်းပြုလုပ်နိုင်မည့် ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားသည့်အခန်းများ၊ ဆေးတက္ကသိုလ်ကျောင်းသား ကျောင်းသူများအား သင်ကြားရေး ဆောင်ရွက်နေမှုများ၊ သင်ကြားရေးအခန်းများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် လာရောက်ပြသသော လူနာများအား အားပေးစကားပြောကြားပြီး နေ့စဉ်ကုသရေးလုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်၊ သူနာပြုကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံရာ ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်က ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အရည်အသွေးကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေး အဘက်ဘက်မှ ကြိုးပမ်းဖြည့်ဆည်းလျက်ရှိပါကြောင်း၊ အခြေခံလိုအပ်၍ အသုံးများသည့် ဆေးဝါးများ၊ အရေးကြီးသည့် ဆေးဝါးများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ ဓာတ်မှန်ရိုက်ကူးမှုများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ဆေးဝါးရန်ပုံငွေများ ခွဲဝေချထားခြင်း၊ ဗဟိုမှ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများနှင့်ထိတွေ့ကာ ကုသမှုဆောင်ရွက်နေသော အထူးကုဆရာဝန်များ၊ ဆေးရုံစီမံခန့်ခွဲသူများ၊ အခြားသောကျန်းမာရေး ဝန်ထမ်းများအားလုံးက အကျိုးရှိရှိအသုံးပြုပြီး ပြည်သူများကို ထိရောက်စွာထောက်ပံ့ပေးနိုင်ရေး အားလုံးညှိနှိုင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာနကို ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး လေးထပ်ကုသဆောင်သို့ ပြောင်းရွှေ့၍ ပြင်ပလူနာဌာနကို ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်က စတင်ဖွင့်လှစ်ထားပြီး ပြင်ပလူနာဌာနနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ဆိုင်ရာလေ့ကျင့်ခန်းများနှင့် ကုသမှုများကို ရုံးဖွင့်ရက်များ၌ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3227 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download