ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / July 19, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဝန်ကြီးဌာန၏ သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ပြီး ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးအတွက် ဝန်ဆောင်မှုပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ခရီးသွားဆိုင်ရာသတင်းအချက်အလက်များ ပြည့်စုံစွာ ပြင်ဆင်ထားရှိရေး၊ ကောင်တာသို့ လာရောက်သော ခရီးသွားများကို စနစ်တကျ စစ်တမ်းကောက်ယူထားရှိရေး၊ ခရီးစဉ်ဒေသများ၊ လမ်းကြောင်းများနှင့် စပ်လျဉ်းသော အချက်အလက်များထားရှိရေး၊ ခရီးသွားများ သွားလာလည်ပတ်ရာတွင် အဆင်ပြေမှုရှိစေရန် ကူညီဆောင်ရွက်ပေးကြရေးတို့ကို တာဝန်ရှိသူများအား မှာကြားပြီး လေဆိပ်အတွင်း ပြည်တွင်း ပြည်ပ ခရီးသွားများ ဝင်/ထွက် သွားလာနေမှုကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် မရမ်းခြံ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန Information Center သို့ သွားရောက်၍ မန္တလေးဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအနက် အပြာရောင်အဆင့်ရှိ အဆောက်အအုံများ၊ အခန်းများအား အမြန်ဆုံးပြုပြင်မွမ်းမံပြီး ခရီးသွားဧည့်သည်များ လက်ခံနိုင်ရေး၊ ဟိုတယ်များအား မြို့တော်အင်္ဂါရပ်နှင့်အညီ ပြုပြင်မွမ်းမံပြီး သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ကြရေးတို့ကို မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ငလျင်ဘေးသင့် ဝန်ထမ်းများအား ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ကူညီပံ့ပိုးပေးနေမှု၊ ဝန်ထမ်းများ၏ ကျောင်းနေအရွယ် သားသမီးများ တန်းစဉ်မပြတ် ပညာသင်ကြားနိုင်ရေးနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနက ထုတ်ပြန် ထားရှိသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြရေးတို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးရုံးခွဲနှင့် ဝန်ကြီးဌာနပိုင် ရုံးအဆောက်အအုံများကိုလည်းကောင်း၊ ဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဟိုတယ်များကိုလည်းကောင်း၊ ငလျင်ဒဏ်ခံရပြီးနောက်ပိုင်း ပွင့်လင်းရာသီကာလအတွက် ဖွင့်လှစ်တော့မည့် မန္တလေးမြို့ရှိ ဟိုတယ်များကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဦးပိန်တံတား၌ ပြည်တွင်း ပြည်ပခရီးသွားများ သွားလာလည်ပတ်နေမှုနှင့် ခရီးသွားများဆွဲဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ မန္တလေးမြို့၏ ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သော မန္တလေးတောင်သို့ ဘုရားဖူးခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ဘုရားဖူးလာရောက်နိုင်ရေးအတွက် စီစဉ်ထားရှိမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3240 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download