ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံများသို့ တက်ရောက်


Ministry of Information/ Naypyitaw / August 01, 2025
image_latest


ရန်ကုန် ဇူလိုင် ၃၁

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံ (Young Leaders Peace Dialouge and The World Youth Conference for Peace) များသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် CPAFFC(Youth Leaders Peace Dialouge Chinese People's Association for Friend- ship with Foreign Countries National Art Museum of China)အတွင်းရှိ Auditiorium ခန်းမတွင် ကျင်းပသည့် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်ကျင်းပသည့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော ငြိမ်းချမ်းရေး Consensus for Peace: Voices of Justice from The Global South Amid Escalating and Prolonged Geopolitical Conflicts (ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်များ၊ ပထဝီနိုင်ငံရေးပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသရှိ လူငယ်များ၏ တရားမျှတမှုအတွက် စကားသံများ) ခေါင်းစဉ်နှင့် တာဝန်ယူမှုရှိသော လူငယ်ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး Responsibility for Peace: A Shared Approach to Misinfor-mation Government in Era of AI (AI ခေတ်တွင် မှားယွင်းသော သတင်းအချက်အလက်နှင့် ပတ်သက်၍ စီမံခန့်ခွဲပုံအဆင့်ဆင့်) စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးသည့် စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှ လူငယ်ကိုယ်စား လှယ် ၁၈၀ ခန့် တက်ရောက်ပါဝင်ဆွေးနွေးကြသည်။

ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Li Jing ၊ အပြည်ပြည်ဆိုင်ရာ ဝူရှူးအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး၊ တရုတ်နိုင်ငံဝူရှူးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Mrs. Zhang Yu Ping တို့နှင့် တွေ့ဆုံ၍ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့အားကစားသမားများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် မြန်မာ့အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မြင့်မားစေရေးအတွက် အားကစားနည်းပြများ ထောက်ပံ့ကူညီပေးနိုင်ရေးကိစ္စတို့ကို အပြန်အလှန်ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ Peking University အတွင်းရှိ Khao Teck Paut အားကစားရုံတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးလူငယ်ညီလာခံ (World Youth Confer-ence) သို့ တက်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ လက်တင်အမေရိကတိုက်၊ မြောက်အမေရိကတိုက်၊ အာဖရိကတိုက်၊ အာရှအလယ်ပိုင်း၊ အရှေ့အာရှ၊ တောင်အာရှ၊ အရှေ့တောင်အာရှ၊ ဥရောပတိုက်တို့မှ နိုင်ငံပေါင်း ၁၃၀ ကျော်၏ လူငယ်ကိုယ်စားလှယ် ၃၀၀၀ ခန့် တက်ရောက်ကြသည်။

ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3242 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 01, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download