ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အနုပညာရှင်များ ကယားပြည်နယ် လွိုင်ကော်မြို့သို့ သွားရောက် ဒေသတည်ငြိမ်အေးချမ်းမှုကိုကြည့်ရှုပြီး ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို အားပေးနှုတ်ဆက်


Ministry of Information/ Naypyitaw / August 25, 2025
image_latest


လွိုင်ကော် ဩဂုတ် ၂၄

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အနုပညာရှင်များသည် ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့သို့ သွားရောက်၍ ဒေသတည်ငြိမ်အေးချမ်းမှုအခြေအနေများကိုကြည့်ရှုပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ကြိုဆိုနှုတ်ဆက်

ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အနုပညာရှင်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဟဲဟိုးမြို့မှ ကြိုဆိုနှုတ်ဆက်သည်။

လှိုက်လှဲစွာကြိုဆို

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ဆက်လက်ထွက်ခွာရာ လွိုင်ကော်မြို့အဝင်၌ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက လှိုက်လှဲစွာကြိုဆိုကြသည်။

ထောက်ပံ့ငွေများပေးအပ်

ပြည်ထောင်စုဝန်ကြီးနှင့် ကယားပြည်နယ်ဝန်ကြီးချုပ်တို့သည် အနုပညာရှင်များနှင့်အတူ လွိုင်ကော်မြို့ရှိ တန်ခိုးကြီးတောင်ကွဲစေတီတော်အား ဖူးမြော်ကြည်ညိုကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်ကော်ခရိုင်ရုံး၌ ဝန်ထမ်းများကို အားပေးစကားပြောကြား၍ ထောက်ပံ့ငွေများပေးအပ်သည်။

ဖျော်ဖြေတင်ဆက်

ညပိုင်းတွင် အနုပညာရှင်များဖြစ်သည့် အကယ်ဒမီ ရန်​အောင်၊ အကယ်ဒမီမေသန်းနု၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ဒိန်းဒေါင်၊ အုန်းသီး၊ ငြိမ်းချမ်း၊ ယဉ်လတ်၊ သဉ္ဇာမြင့်မိုရ်၊ နေခြည်ငြိမ်းချမ်းနှင့် အနုပညာရှင်များက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဂုဏ်ပြု​ဆုငွေများချီးမြှင့်

ဖျော်​ဖြေတင်ဆက်မှုအပြီးတွင် ပြည်​ထောင်စုဝန်ကြီးနှင့် ပြည်​နယ်ဝန်ကြီးချုပ်တို့က ဖျော်​ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များကို ဂုဏ်ပြု​ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သတင်းစဉ်

Newspaper - 3265 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 22, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 21, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download