ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / September 16, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၁၅-၉-၂၀၂၅ ရက်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးတစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ တောင်ညို ကြိုးဝိုင်းအတွင်း အမြန်လမ်းမကြီး မိုင်တိုင် ၂၂၂/၅ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၅ ဧက စိုက်ပျိုးပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသောအပင်များ ဆက်လက်ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိုင်တိုင် ၂၃၃/၂ ရှိ တစ်အုပ်တစ်မ စိုက်ခင်း ၁၅ ဧက တည်ထောင်စိုက်ပျိုးရန် မြေနေရာ ရှင်းလင်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အချိန်မီစိုက်ပျိုးပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ အထက်ဆင်သေကြိုးဝိုင်းအတွင်း အမြန်လမ်းမကြီးမိုင်တိုင် ၂၄၀ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၀ ဧက စိုက်ပျိုးပြီးစီးမှုအခြေအနေအား လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအတွင်း မိုင်တိုင် ၂၂၆/၁ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၀ ဧက စိုက်ပျိုးပြီးစီးမှု အခြေအနေအား လည်းကောင်း၊ ငလိုက်ကြိုးဝိုင်းအတွင်း မိုင်တိုင် ၂၂၂/၅ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၅ ဧက စိုက်ပျိုးပြီးစီးမှု အခြေအနေအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးဘေးဝဲယာအပါအဝင် အာဆီယံကားလမ်းဘေးဝဲယာနှင့် အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်းရှိ ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေးအတွက် ကားလမ်းဘေးဝဲယာတွင် တောအုပ်ငယ်များအသွင်ဖြစ်စေရန် တစ်အုပ်တစ်မစိုက်ပျိုးခြင်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ မိုးရာသီတွင် တစ်အုပ်တစ်မစိုက်ခင်း ၁၂၂ ဧက အပင် ၁၈၃၀၀ ပင်စိုက်ပျိုးလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိမ်းလန်းစိုပြည်ရေးအတွက် အမြန်လမ်းမကြီး ဘေးဝဲယာ တစ်အုပ်တစ်မစိုက်ပျိုးခြင်း အပါအဝင် မြေနေရာ ၁၆၅ ဧကတွင် အပင် ၁၉၄၂၀၀ ပင်အား ၂၀၂၅ မိုးရာသီအတွင်း စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
Newspaper - 3287 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download