ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / September 19, 2025

နေပြည်တော် စက်တင်ဘာ ၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ သစ်တောပျိုးဥယျာဉ်များသို့ သွားရောက်၍ သစ်မျိုးအလိုက် ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နှစ်စဉ်နှစ်ပေအထက်ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရန်၊ ဒေသနှင့်ကိုက်ညီသော သစ်မျိုးများ ပျိုးထောင်ထားရှိရန်နှင့် မျိုးကောင်းမျိုးသန့်သစ်စေ့များ ရယူစုဆောင်း၍ ပျိုးထောင်ဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် မင်းဘူးမြို့ မြို့တော်ခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက သစ်တောစိုက်ခင်းများ တည်ထောင်ရေး၊ ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး၊ အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေး၊ သဘာဝတောများ ကာကွယ်ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် သဘာဝသယံဇာတများကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန်၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရန်နှင့် ဌာနလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံသွားရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် မင်းဘူးမြို့ရှိ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုဂ္ဂလိကသစ်ဆိုင်၊ သစ်စက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ကုန်ကြမ်းများရရှိရေး၊ လုပ်ငန်း စဉ်များ အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးပြီး မင်းဘူးမြို့ရှိ ဝန်ကြီးဌာနအောက်မှ ရုံးများသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မင်းဘူးမြို့နယ် မင်းဘူး-အမ်း ကားလမ်းဘေးရှိ အပူပိုင်း ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် သစ်မျိုးစုံ ၁၀၀၀ ရှင်သန်အောင်မြင်မှု၊ မင်းဘူးမြို့နယ် တဲကုန်းကျေးရွာအနီးရှိ ကျေးရွာသုံးထင်းစိုက်ခင်း ဧက ၃၀ နှင့် ဒဟက်၊ မဲဇလီ အထူးစိမ်းတစ်အုပ်တစ်မစိုက်ခင်း ၁၅၀၀ အောင်မြင်ဖြစ်ထွန်းနေမှု၊ ၂၀၂၅ မိုးရာသီလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပွဲမှ အပင်များ၏ ရှင်သန်အောင်မြင်မှု၊ ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တော အတွင်းရှိ ကျေးရွာထင်းစိုက်ခင်း ဧက ၂၀ နှင့် ကျေးရွာထင်းစိုက်ခင်း ဧက ၃၀ ရှင်သန်အောင်မြင်မှု၊ ပုဂံ ကြိုးဝိုင်းအတွင်းရှိ ကျေးရွာထင်း စိုက်ခင်းဧက ၅၀ ရှင်သန် အောင်မြင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့နယ် ရွာသာယာကျေးရွာရှိ မြန်မာမြေစွမ်းအားမြှင့် အေဝမ်းမီးဖို ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍ စွမ်းအားမြှင့် မီးဖိုထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3290 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download