ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သုံးနိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ၌ ပထမဆုဖလားရရှိခဲ့သည့် အားကစားနှင့်ကာယပညာသိပ္ပံ မြန်မာ ISPE အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်


Ministry of Information/ Naypyitaw / October 21, 2025
image_latest


ရန်ကုန် အောက်တိုဘာ ၂၀

သုံးနိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ မြန်မာ ISPE အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အုပ်ချုပ်/ နည်းပြ၊ အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး မြန်မာ ISPE အမျိုးသားဘောလုံးအသင်းကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၂၀၀ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ငွေကျပ်သိန်း ၁၀၀ နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌက ငွေကျပ် ၁၀ သိန်းတို့ကို ပေးအပ်ချီးမြှင့်၍ မြန်မာ ISPE အမျိုးသားဘောလုံးအသင်းကိုယ်စား အားကစားသမား ကျော်သီဟဇော်က ကျေးဇူးတင်စကားပြောကြားကာ ပထမဆုရရှိခဲ့သည့် ဆုဖလားကို ပြည်ထောင်စုဝန်ကြီးထံ အပ်နှံပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ စားရိပ်သာ၌ အားကစားနှင့်ကာယပညာသိပ္ပံမှ သင်တန်းသား သင်တန်းသူများ၏ နေ့လယ်စာစားသောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အာဟာရပြည့်ဝစေရေးအတွက် သန့်ရှင်းလတ်ဆတ်သည့် အသား၊ ငါးများကို ချက်ပြုတ်‌ကျွေးမွေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် အားကစားအဖွဲ့များ စခန်းသွင်းလေ့ကျင့်နိုင်ရေး ရန်ကုန်မြို့ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားပြိုင်ပွဲရုံ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပုံမှန်သန့်ရှင်းရေးများပြုလုပ်ပြီး ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် ရွှေပြည်သာမြို့နယ် နဝရတ်အားကစားကွင်းအတွင်း အများပြည်သူများ လာရောက်လေ့ကျင့်နိုင်စေရေးအတွက် အဆင့်မြင့်အားကစားရုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ်သို့ သွားရောက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ယူဆောင်သွားမည့် ပြိုင်ပွဲဝင် လှများအား ကြည့်ရှုစစ်ဆေးပြီး လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3324 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download