ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် ရုဒုံမြို့ရှိ ကမ်းလွန်လေအားလျှပ်စစ်စက်ရုံသို့ သွားရောက်လေ့လာ
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် ရုဒုံမြို့ရှိ ကမ်းလွန်လေအားလျှပ်စစ်စက်ရုံသို့ သွားရောက်လေ့လာ
Ministry of Information/ Naypyitaw / October 27, 2025
နေပြည်တော် အောက်တိုဘာ ၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စူးကျိုးမြို့သို့ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ကျန်းစုပြည်နယ် ရုဒုံမြို့ ဟွန်ကျန်းပင်လယ်ကွေ့အပြင်ဘက်ရှိ ဒီရေတောကမ်းခြေတွင် China Longyuan Power Group Corporation Limited မှ တည်ဆောက်ထား သော ကုန်းတွင်း၊ ဒီရေတောနှင့် ကမ်းလွန်တို့တွင် တပ်ဆင်အင်အား ၄၈၀ မဂ္ဂါဝပ်ရှိသည့် Ru Dong Huan Gang Offshore Wind Farm ကမ်းလွန်လေအားလျှပ်စစ်စက်ရုံသို့ သွားရောက်လေ့လာကြသည်။
ထိုသို့လေ့လာစဉ် စက်ရုံတာဝန်ရှိသူများက စီမံကိန်းသည် တရုတ်နိုင်ငံတွင်ပထမဆုံးကမ်းလွန်လေစွမ်းအင် ရှေ့ပြေးစမ်းသပ်တည်ဆောက် သည့် စီမံကိန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယွမ်ငွေ ၂ ဒသမ ၅၄ ဘီလီယံခန့်ရှိကြောင်း၊ ပထမအဆင့်အနေဖြင့် ၁ ဒသမ ၅ မဂ္ဂါဝပ်၊ ၂ မဂ္ဂါဝပ် ၊ ၂ ဒသမ ၅ မဂ္ဂါဝပ်၊ ၃ မဂ္ဂါဝပ် တပ်ဆင်အင်အားများရှိသောလေအားတာဘိုင် ၁၆ လုံးစုစုပေါင်း ၃၀ မဂ္ဂါဝပ်ကို ၂၀၀၉ ခုနှစ်တွင် စတင်စမ်းသပ်တည်ဆောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား စတင်ဓာတ်အားထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဒုတိယအဆင့်တွင် ၂ ဒသမ ၃ မဂ္ဂါဝပ်၊ ၂ ဒသမ ၅ မဂ္ဂါဝပ်၊ ၃ မဂ္ဂါဝပ် လေအားတာဘိုင် ၅၈ လုံး စုစုပေါင်း ၁၅၀ မဂ္ဂါဝပ်တပ်ဆင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် စတင်ဓာတ်အား ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ တတိယအဆင့်တွင်၂ ဒသမ ၅ မဂ္ဂါဝပ် လေအားတာဘိုင် ၂၀ စုစုပေါင်း ၅၀ မဂ္ဂါဝပ်တပ်ဆင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ခဲ့ကြောင်း၊ စတုတ္ထအဆင့်တွင် ၄ မဂ္ဂါဝပ်၊ ၅ မဂ္ဂါဝပ်၊ ၆ မဂ္ဂါဝပ် လေအားတာဘိုင် ၁၁ လုံး စုစုပေါင်း ၅၀ မဂ္ဂါဝပ် တပ်ဆင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ခဲ့ကြောင်း။
ပဉ္စမအဆင့်တွင် ၄ မဂ္ဂါဝပ် လေအားတာဘိုင် အလုံး ၄၀ စုစုပေါင်း ၂၀၀ မဂ္ဂါဝပ်တပ်ဆင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စတင်ဓာတ်အားထုတ် လုပ်နိုင်ခဲ့ကြောင်း၊ ယင်းသို့အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း တပ်ဆင်အား ၄၈၀ မဂ္ဂါဝပ်အထိရောက်ရှိလာခဲ့ကြောင်း၊ တာဘိုင်တာဝါတိုင်များ၏ အုတ်မြစ်များတွင်လည်း ကွန်ကရစ်ပိုင်တိုင်များနှင့် ကွန်ကရစ်အောက်ခံခုံ (PHC pipe piles with concrete caps) မှသည် သံမဏိဖြင့် ပြုလုပ်ထားသော ပိုက်တိုင်များ (steel structure pipe piles) အထိ အမျိုးမျိုးသောပုံစံများပါဝင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံတည်ဆောက်ထားရှိမှု၊ ဓာတ်အားထုတ်လုပ်နေမှုတို့ကို လေ့လာကြည့်ရှုကြသည်။
ခရီးစဉ်အတွင်း၌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်အစိုးရပိုင်ကုမ္ပဏီများဖြစ်သည့် ShweLi(1) Hydropower Co.,Ltd. ၊ Yunnan United Power DevelopmentCo.,Ltd. ၊ Goodwe Technologies Co.,Ltd.၊ POWERCHINA Chengdu Engineering Corporation Limited တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကိုဆွေးနွေးကြသည်။ ခရီးစဉ်များအပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်
Newspaper - 3330 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
