ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မန္တ‌လေးမြို့နှင့် ကျောက်ဆည်မြို့ရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / November 06, 2025
image_latest


နေပြည်တော်   နိုဝင်ဘာ   ၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိ ပြီး Grade-12 သင် ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အလေးထားအား‌ပေး ဆောင်ရွက်ပေးလျက်ရှိပြီး သင်ကြားရေးနှင့်သင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒများချမှတ်ပေးလျက်ရှိပြီး မူဝါဒများပေါက်မြောက်အောင်မြင်စေရန် ဆရာဆရာမများကကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မိဘများအနေဖြင့် မိမိတို့၏သားသမီးများ စာကြိုးစားကြရန် ဂရုစိုက်ကြပ်မတ်ပေးကြစေလို ပါကြောင်း၊  Grade-9 အောင်မြင်ပြီးသည့်အခါတွင် Grade-12 သို့ ဆက်လက်မတက်ရောက်လိုပါက စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၉ ကျောင်းဖွင့်လှစ်ထားရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအင်ဂျင်နီယာပညာရပ်များ သင်ကြားပေးလျက်ရှိပါကြောင်း၊ ယင်းကျောင်းများမှအောင်မြင်ပြီးပါက အဆင့်မြင့်ဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည် ဖြစ်ပါ ကြောင်း။

Grade -12 အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် သင်ကြားရေးပိုင်းနှင့်ပတ်သက်၍ ဆရာ ဆရာမများတွင်တာဝန်ရှိသကဲ့သို့ ကျောင်းပြင်ပသို့ရောက်ရှိချိန်တွင် မိဘများက ထိန်းကျောင်းပေးရမည်ဖြစ်ကြောင်း၊ ဆရာဆရာမများ၏သင်ကြားရေး အရည်အသွေးကောင်းမွန်စေရန် ပညာရေးဝန်ကြီးဌာနက သုတေသနလုပ်ငန်းများ‌ဆောင်ရွက်ထားရှိပြီး သုတေသနလေ့လာတွေ့ရှိချက်များပေါ်တွင် အခြေခံ၍  သင်ကြားရေးစွမ်းရည်များမြှင့်တင်နိုင်‌ရန် ထိရောက်သည့်သင်တန်းများဖွင့်လှစ်ပို့ချနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်အခြေပြုသင်ကြားရေးစနစ်ကို အား‌ပေးလျက်ရှိရာတွင် ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများအနေဖြင့် စာကြည့်တိုက်သို့ ကိုယ်တိုင်သွားရောက်၍ အသုံးပြုလေ့လာကြပြီး ကျောင်းသားကျောင်းသူများ လေ့လာ သင်ယူနိုင်မည့်စာအုပ်များကို ဖြည့်ဆည်းထားရှိပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက Grade-12  အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဆရာ ဆရာမများ၊ မိဘများကသိရှိလိုသည်များနှင့်စပ်လျဉ်း၍ မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်တက္ကသိုလ်သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါ‌မောက္ခချုပ်၊  ပါမောက္ခ/ဌာနမှူးများနှင့်တွေ့ဆုံ၍ တက္ကသိုလ်အတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးပြီး အပန်းဖြေရိပ်သာ (Recreation Center) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် တာဝန် ရှိသူများနှင့်တွေ့ဆုံကာ သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီတည်ဆောက်ပြီးစီးရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့မန္တလာတက္ကသိုလ်သို့ရောက်ရှိပြီး မန္တလာတက္ကသိုလ်အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမ များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး မန္တလေး ငလျင်ဒဏ်ကြောင့်   ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍  လိုအပ်သည်များမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး ‌‌ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့‌ဆုံအမှာစကားပြောကြား၍ သင်တန်းသား သင်တန်းသူဆရာဆရာမများသင်ယူနေမှုများကို ကြည့်ရှုပြီးအားပေးစကားပြောကြားကာ ဘောလုံးအားကစားကွင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။            

သတင်းစဉ်

Newspaper - 3340 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download