ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဘားအံမြို့နယ် မြေပဲစိုက်သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုများ ပေးအပ်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဘားအံမြို့နယ် မြေပဲစိုက်သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုများ ပေးအပ်
Ministry of Information/ Naypyitaw / November 08, 2025
နေပြည်တော် နိုဝင်ဘာ ၇
နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမကဏ္ဍ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော အောင်သပြေလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများသို့ မြေပဲမျိုးနှင့် သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကော့လှိုက်ကျေးရွာ၌ ကျင်းပသည်။
သွင်းအားစု ပေးအပ်ပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်၊ ပြည်နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသင်းသားတောင်သူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဘားအံမြို့နယ် အောင်သပြေလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ မြေပဲစိုက်အသင်းသား တောင်သူ ၂၀ ၏ စိုက်ဧက ၁၀၀ အတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းခွဲနှင့်ညီမျှသော မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ရေးအတွက် သမဝါယမအသင်းအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မည့်အခြေအနေ၊ စီမံကိန်းသီးနှံများအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ်လေးမျိုး မှန်ကန်ရေးနှင့် ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုတို့မှ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး မြေပဲစိုက်အသင်း သား တောင်သူများထံ မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနက၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၇) ဖာလုံ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်တွင် (၆) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့သော ထန်းတပင် - ကော့လှိုက် - ဝင်းကျန် - ကရင်ဖာလင် - ထုံအိုင် ကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အဆိုပါလမ်းမှာ အရှည် ၆ မိုင် ၅ ဖာလုံ ရှိသည့်အတွက် လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်လက်တင်ပြနိုင်ရေး လျာထား ဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3342 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
