ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဘရာဇီးနိုင်ငံ ဘဲလ်လမ်မြို့၌ ကျင်းပသည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားနှင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဘရာဇီးနိုင်ငံ ဘဲလ်လမ်မြို့၌ ကျင်းပသည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားနှင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်
Ministry of Information/ Naypyitaw / November 08, 2025
နေပြည်တော် နိုဝင်ဘာ ၇
ဘရာဇီးနိုင်ငံသမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗား၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုယ်စား) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးနိုင်ငံ ဘဲလ်လမ်မြို့၌ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်ထိ ကျင်းပသည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) သို့ တက်ရောက်သည်။
နိုဝင်ဘာ ၆ ရက် ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တို နီယိုဂူတာရက်စ်က ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ ကတိကဝတ်များ ဖြည့်ဆည်းရေးနှင့် အပူချိန် ၁.၅ ဒီကရီဆဲလ်စီးယပ်လျှော့ချရေး ဆက်လက်ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှုများ ရပ်တန့်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၃၅ ခုနှစ် အရောက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုဆိုင်ရာရန်ပုံငွေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ ရရှိရေးနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာဘီလီယံ ၃၀၀ ရရှိရေး ဦးဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍနှင့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးအောင် အကောင်အထည်ဖော်ရမည့်အချိန်ဖြစ်ကြောင်း ပြောကြားသည်။
ဘရာဇီးနိုင်ငံသမ္မတ မစ္စတာလူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗားက စွမ်းအင်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ခြင်းနှင့် သဘာဝကိုကာကွယ်ခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်ရန် အထိရောက်ဆုံးနည်းလမ်း နှစ်ခုဖြစ်ကြောင်း၊ အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိနေသော်လည်း သစ်တောပြုန်းတီးမှုကို ရပ်တန့်ရန် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုမှုကို ကျော်လွှားရန်နှင့် အဆိုပါရည်မှန်းချက်များအတွက် လိုအပ်သောအရင်းအမြစ်များကို စုစည်းရန် တရားမျှတပြီး စနစ်တကျ ရေးဆွဲထားသော လမ်းပြမြေပုံများ လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် စုံညီအစည်းအဝေးအား ဆက်လက်ကျင်းပပြီး နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများက မိန့်ခွန်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် “ရာသီဥတုနှင့် သဘာဝ၊ သစ်တောများနှင့် သမုဒ္ဒရာများ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဘရာဇီးနိုင်ငံသမ္မတက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် နိုင်ငံ့ခေါင်းဆောင်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆွေးနွေးရာတွင် သစ်တောများနှင့် သမုဒ္ဒရာများ၏ ဂေဟစနစ်များ ရေရှည်တည်တံ့ စေခြင်းသည် ရာသီဥတုဒဏ်ကြံ့ကြံ့ခံနိုင်မှုရှိစေရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပင်လယ်ပြင်အခြေပြု အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့စေရေးတို့ အတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာက အသိအမှတ်ပြုထားသည့် ဇီဝ မျိုးစုံမျိုးကွဲများစုံလင်သည့် အချက်အချာကျသည့် ဒေသတစ်ခုဖြစ်ပြီး နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသည် သစ်တောဖုံးလွှမ်းလျက်ရှိပါကြောင်း၊ နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းကို သစ်တော ဖုံးလွှမ်းမှု တိုးမြှင့်လာစေရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မူဝါဒများ ချမှတ်၍ ဦးစားပေးဆောင် ရွက်လျက်ရှိပါကြောင်း။
ပါရီသဘောတူညီချက်အရ မြန်မာနိုင်ငံ၏ “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDC)” တွင် သစ်တောကဏ္ဍသည် အဓိကမဟာဗျူဟာကျသည့် မဏ္ဍိုင်တစ်ခုဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ ၏ ၃၀ ရာခိုင်နှုန်းအား ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအဖြစ်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ်လည်းကောင်း ဖွဲ့စည်းသတ်မှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါပင်လယ်ပြင်ဆိုင်ရာ ကတိကဝတ်များအနေဖြင့် ဒီရေတောဧရိယာဟက်တာ ၅ သိန်း ကျော်ကို ထိန်းသိမ်းကာကွယ်ထား လျက်ရှိပါကြောင်းနှင့် ရေရှည်တည်တံ့သော “အပြာရောင်စီးပွားရေး” (Blue Economy) ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်းအစီအစဉ်ဖြင့် ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပူပိုင်းသစ်တောများ ထာဝရရန်ပုံငွေ “Tropical Forests Forever Facility- TFFF” ကြေညာချက်အား လက်မှတ်ရေးထိုးနိုင်ရေး အတည်ပြုထားပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုဆိုင်ရာအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်ရှိမျိုးဆက်နှင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာမြေအား ထိန်းသိမ်းကာကွယ်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပါကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘရာဇီးနိုင်ငံသမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗား တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်သည်။
ဘရာဇီးနိုင်ငံအစိုးရက ကမ ကထပြု တည်ထောင်သော အပူပိုင်းသစ်တောများ ထာဝရရန်ပုံငွေ ဆိုင်ရာကြေညာချက် “TFFF” တွင် ယခင်က လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံ ၂၂ နိုင်ငံရှိရာမှ ယခုအခါ ၅၃ နိုင်ငံက လက်မှတ်ရေးထိုးရန် သဘောတူညီမှုရရှိပြီးဖြစ်သည်။ ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်
Newspaper - 3342 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
