ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသော “လူတိုင်းအကျုံးဝင်ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများဆိုင်ရာ” အဆင့်မြင့်အရာရှိကြီးများ နိုင်ငံတကာညီလာခံ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသော “လူတိုင်းအကျုံးဝင်ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများဆိုင်ရာ” အဆင့်မြင့်အရာရှိကြီးများ နိုင်ငံတကာညီလာခံ တက်ရောက်
Ministry of Information/ Naypyitaw / December 12, 2025
နေပြည်တော် ဒီဇင်ဘာ ၁၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ဒီဇင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ယူနက်စကိုအဖွဲ့ကကြီးမှူးကျင်းပသည့် “လူတိုင်းအကျုံးဝင် ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများဆိုင်ရာ” အဆင့်မြင့်အရာရှိကြီးများ နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အဆိုပါညီလာခံ၏ မျက်နှာစုံညီအစည်းအဝေးကို ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Miklukho-Maklaya St.,6. (RUDN University main building) ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် RUDN University ၏ President ဖြစ်သူ Filippov Vladimir Milhailovich က သဘာပတိအဖြစ်ဆောင်ရွကပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများက ပါဝင်ဆွေးနွေးကြသည်။
ထို့နောက် Plenary session အား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက “Building and Inclusive Education System: Myanmar’s Efforts” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် လူတိုင်းအကျုံးဝင် ပညာရေး (Inclusive Education) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမျိုးသားပညာရေးဥပဒေများတွင် အခမဲ့အခြေခံပညာသင်ကြားပေးခြင်း၊ ခွဲခြားမှုမရှိဘဲ ပညာသင်ကြားပေးခြင်း စသည့်အချက်များ ပြဋ္ဌာန်းထားရှိပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP-2021-2030) တွင်လည်း ဝေးလံခေါင်ဖျားဒေသရှိသူများအပါအဝင် တိုင်းရင်းသားလူမျိုးများ၊ မသန်စွမ်းသူများ၊ အားလုံးပညာသင်ကြား ခွင့်ရရှိရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း။
အခြေခံ ပညာကျောင်းများအပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကျောင်းပြင်ပပညာရေးဆောင်ရွက်မှုများ၊ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး (ECCD) အတွက် ဆောင်ရွက်မှုများ၊ သက်မွေးပညာ သင်ကြားပေးခြင်းဆိုင်ရာ ဆောင်ရွက်မှုများစသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိခင်ဘာသာ စကားအခြေပြု ပညာရေးစနစ်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများကို လူတိုင်းပါဝင်လာနိုင်မည့် ပညာရေးစနစ် ပေါ်ထွန်းလာစေရန် သင်ကြားမှုနည်းစနစ်များကို ပံ့ပိုးပေးလျက် ရှိပါကြောင်း၊ အနာဂတ်ကာလတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် လူတိုင်း အကျုံးဝင်ပညာရေးစနစ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ Plenary session တွင် ဟန်ဂေရီ၊ ဇင်ဗာဘွေ၊ ကမ္ဘောဒီးယား၊ အီရန်၊ ကာဇက်စတန်၊ တာ့ဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံများ၏ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်ဆွေးနွေးကြသည်။
ညနေပိုင်းတွင် Development meeting of International Cooperation to Ensure Access to Quality Education ခေါင်းစဉ်ဖြင့် Closed meeting ကျင်းပရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ UNESCO အမျိုးသားကော်မရှင်များမှ အတွင်းရေးမှူးများ တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တက္ကသိုလ် များ၊ ကျောင်းများနှင့် နိုင်ငံတကာ MoU, MoA များ၊ AUN- AUA ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ AUN-QA Accreditation နှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ UNESCO အမျိုးသားကော်မရှင်၏ ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3377 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
