ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မင်းဘူးခရိုင်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းဆောင်ရွက်ပေးနေမှု ရှင်းလင်းပြောကြား


Ministry of Information/ Naypyitaw / December 12, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၁

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ရောက်ရှိရာ ခရိုင်အဆင့်မီရန် မြှင့်တင်ဆောင်ရွက်မည့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယနေ့ နံနက်ပိုင်းတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေကို ဒေသခံများအား တွေ့ဆုံ၍ ရှင်းလင်းပြောကြားသည့် အခမ်းအနားကို မင်းဘူးမြို့ ဦးဩဘာသမြို့တော်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင်များသည် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုများကို လျှော့ချကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို ပံ့ပိုးပေးလျက်ရှိသည့်အတွက် သဘာဝဂေဟစနစ်အားလုံး၏ ဗဟိုချက်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဆောင်ပုဒ်(၃)ခုထဲတွင် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြ စို့ အချက်ပါဝင်ပါကြောင်း၊ သစ်တော သစ်ပင်ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

မင်းဘူးခရိုင်၏ သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ၁၄ ဒသမ ၄၂ ရာခိုင် နှုန်း ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၁၅ ဒသမ ၆၁ ရာခိုင်နှုန်းအထိ တိုးတက်လာပါ ကြောင်း၊ မင်းဘူးမြို့သည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အပူချိန်အမြင့်မားဆုံး ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့သည့်အပြင် နှစ်စဉ်ပျမ်းမျှမိုးရေချိန်မှာ လက်မ ၄၀ အောက်သာရှိပါကြောင်း၊ မင်းဘူးမြို့အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် သစ်ပင်စိုက်ပွဲများဆောင်ရွက်ခြင်း၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်း၊ သဘာဝတောများထိန်းသိမ်းခြင်း၊ ကျေးရွာသုံးထင်းစိုက်ခင်းနှင့် တစ်ရွာနှစ်ဧကဘက်စုံသုံးစိုက်ခင်း တည်ထောင်ခြင်းတို့ကို အထူးအလေး ထားဆောင်ရွက်လျက်ရှိပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံတစ်ဝန်းတွင်သစ်ပင် ပေါင်း ၁၂၁ ဒသမ ၈၇ သန်း စိုက်ပျိုးပေးခဲ့ရာ မင်းဘူးခရိုင်တွင် ၂ ဒသမ ၇၅ သန်း ကျော် စိုက်ပျိုးပေးခဲ့ပါကြောင်း၊ အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း သစ်ပင်စိုက်ပျိုး ခြင်းလုပ်ငန်းများကို ၅ နှစ် စီမံချက်ရေးဆွဲ၍ အပင်ပေါင်း ၁၂ ဒသမ ၅ သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ရာ ၂၀၂၆ ခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်အနေဖြင့် အပင်ပေါင်းနှစ်သိန်းကျော် စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး၏ အဓိကစီးပွားရေးကဏ္ဍသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖြစ်ပြီး လယ်ယာလုပ်ကိုင်ဆောင်ရွက်နေသည့် ကျေးလက်နေ ပြည်သူများသည် မကွေးတိုင်းဒေသကြီးတစ်ခုလုံး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းရှိပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းဒေသကြီး၏ GDP မှာလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မင်းဘူးခရိုင်၏ ဆည်ရေသောက်ဧရိယာမှာ တိုင်းဒေသကြီးတစ်ခုလုံး၏ ၅၀ ရာခိုင် နှုန်းရှိပါကြောင်း၊ မင်းဘူးခရိုင်သည် မကွေးတိုင်းဒေသကြီး၏ အိုအေစစ်ဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုးထုတ်လုပ်မှုသည် သိသိသာသာတိုးတက်လာပါကြောင်း၊ ထို့အတူ မွေးမြူရေးကဏ္ဍကိုလည်း တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် MSME လုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3377 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download