ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပေ (၁၈၀) တံတားသစ်ဖွင့်ပွဲ၊ ကုန်ထုတ်လမ်းဖွင့်ပွဲနှင့် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေး တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပေ (၁၈၀) တံတားသစ်ဖွင့်ပွဲ၊ ကုန်ထုတ်လမ်းဖွင့်ပွဲနှင့် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေး တက်ရောက်
Ministry of Cooperatives and Rural Development/ Naypyitaw / December 31, 2025
နေပြည်တော် ဒီဇင်ဘာ ၃၀
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့က အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့သော နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာ-ရှားတော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ Submersible Bridge ပေ (၁၈၀) ရေနိမ့် တံတားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတံတားတည်နေရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည် တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက် ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများသည် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာအခြေခံပါကြောင်း၊ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ၊ အသေးစားအလတ်စား ကုန်ထုတ်လုပ်ငန်းများ၏ ထုတ်ကုန်များ၊ သွင်းအားစုများ တစ်နှစ်ပတ်လုံး သယ်ယူပို့ဆောင်ရောင်းချနိုင်ဖို့ ရာသီမရွေး ဆက်သွယ်သွားလာနိုင် သည့် လမ်းတံတား များစွာလိုအပ်လျက်ရှိသဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မူဝါဒ၊ ရည်မှန်းချက်၊ မဟာဗျူဟာ ရည်မှန်းချက်များ ချမှတ်၍ ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဆက်သွယ်သွားလာနိုင်သော လမ်းတံတားများ ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတံတားဖွင့်လှစ်ခြင်းဖြင့် တပ်ကုန်းမြို့ နယ်အတွင်းက ကျေးရွာ(၃)ရွာ အိမ်ခြေ(၂၆၉၀)၊ လူဦးရေ (၁၁၃၅၉) ဦးရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ကို အကျိုးပြုစေမှာဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးမြေဧက (၃၉၀၀) မှ ထွက်ရှိ သော စပါး၊ ပြောင်း၊ ငရုတ်၊ နှမ်း၊ မြေပဲ၊ ပဲမျိုးစုံ၊ ကြံ စသည့် သီးနှံထွက်ကုန်များအား မြို့ပေါ် ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တံတာ တည်ဆောက်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသူများ အားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း၊ ကျေးလက်လမ်းတံတားကွန်ရက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ပြီးပြည့်စုံစွာ အောင်မြင်စေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် လက်တွဲပူးပေါင်း၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများကလည်း ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းစောင့်ရှောက်ကြရမည် ဖြစ်ကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီအတွင်း ကျေးလက်လမ်းတံတားများ ဆောင်ရွက်ပေးနေမှုအခြေအနေကို ပြောကြားသည်။
ယင်းနောက် ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးရွာသားတစ်ဦးက တံတားတည် ဆောက်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တံတား အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်း၏ “လှ” ဝါကြိတ်စက်ရုံနှင့် စက်ရက်ကန်းရုံသို့ သွားရောက်၍ လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်စု၊ အုန်းပင်စုကျေးရွာသို့ သွားရောက်၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဖောက်လုပ်ပေးခဲ့သည့် အုန်းပင်စုကျေးရွာ ကုန်ထုတ်လမ်း ပေ (၃၅၀၀) ဖွင့်ပွဲသို့ တက် ရောက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများရေး၊ မိသားစုဝင်ငေွ တိုးပွားရေးအတွက် မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန(၄)ခုမှ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန် ချက်များ၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ မြန်မာတစ်နိုင်ငံလုံးရှိ ကျေးရွာများ၏ သောက်သုံးရေရရှိရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်းတံတားများ၊ အခြေခံအဆောက် အအုံ ဖွံ့ဖြိုးရေးတို့အတွက် မြစိမ်းရောင် အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေစီမံကိန်း (MSY)၊ မြစိမ်းရောင် (ဆီထွက်သီးနှံ) စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)၊ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း စီမံကိန်း (RBF)၊ ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်း များဖြင့် နှစ်စဉ်လျာထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကုန်ထုတ်လမ်းသည် ကျေးရွာရှိ တောင်သူ (၄၅) ဦး၏ စိုက်ပျိုးမြေဧက (၁၀၀) ကို အကျိုးပြုမည်ဖြစ်ကြောင်း၊ မိမိတို့ရပ်ရွာဖွံဖြိုး တိုးတက်ရေးအတွက် ကျေးရွာသူကျေးရွာသားများက စည်းစည်းလုံးလုံးဖြင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ပြီး အကျိုးရှိရှိအသုံးပြုရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးရွာသားတစ်ဦးက ကုန်ထုတ်လမ်း အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ထိုနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်း မ၌ ကျင်းပပြုလုပ်သော ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကားပြောကြားရာတွင် သီးနှံများ ပန်းတိုင် အထွက်တိုးရေးအတွက် သွင်းအားစုသုံးစွဲနိုင်ရန် အရေးကြီးပါကြောင်း၊ ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်နိုင်ရေး၊ သွင်းအားစုများ တင်သွင်းမှုအခြေအနေများ ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ အစည်းအဝေးခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာ တန်ချိန် ၁.၆ သန်းနဲ့ ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ချက်အရ ဦးဆောင် ကော်မတီအနေနဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ မြေဩဇာတန်ချိန် ၁၇၂၈၁၇၆.၈၃ တန်နဲ့ ပိုးသတ်ဆေးတန်ချိန် ၃၂၂၂၆.၆၆ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သေချာစိစစ်၍ သွင်းကုန်လိုင်စင်များ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊
ကုမ္ပဏီများအနေဖြင့် အမှန်တင်သွင်းရန် လိုအပ်ပါကြောင်း၊ မတင်သွင်းနိုင်ပါက အပ်နှံရန်၊ နောင်လျှောက်ထားလိုလျှင် ပြန်လည်ထောက်ခံပေးရန် ဆုံးဖြတ်ထားပါကြောင်း၊ ကော်မတီဝင်များ အနေနဲ့လည်း ဓာတ်မြေဩဇာအရောင်းဆိုင်များ၏ ရန်ကုန်အထိုင်ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်း ဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှုရှိ/ မရှိ၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ပေးရန် မှာကြားလိုကြောင်း၊ ဦးဆောင်ကော်မတီ၏ ရည်ရွယ်ချက်အတိုင်း ဓာတ်မြေဩဇာများ အချိန်မီ ရရှိရေး၊ ဈေးနှုန်းသက်သာစေရေး၊ အရည်အသွေးမှန်ကန်ရေးတို့အတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် (၃) လအတွက် ကုမ္ပဏီအလိုက် ထောက်ခံပေးထားသည့် မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များ မှတ်တမ်းတင်ပေးနိုင်ရန်နှင့် ယခင်အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ထားမှုကိုလည်းကောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက မြေဩဇာနှင့် ပိုးသတ်ဆေးများ ဝယ်ယူဖြန့်ဖြူးရောင်းချမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေး ဘဏ်တို့မှ ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့ဝင် ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် ကိုယ်စားလှယ်တို့က ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွား ရေးဘဏ်နှင့် ဦးစီးဌာနများမှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
Newspaper - 3524 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
