ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / January 18, 2026
နေပြည်တော် ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အားကစားကွင်း/ အားကစားရုံသို့ သွားရောက်ပြီး ဘောလုံးကွင်း၊ အထူးတန်းပွဲကြည့်စင်၊ VIP ဧည့်ရိပ်သာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်လာစေရေး၊ မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေး၊ အားကစားဝါသနာပါသည့်လူငယ်များနှင့် ပြည်သူများ လာရောက်လေ့ကျင့်မှု ပြုလုပ်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံ အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်အမြဲတမ်းသန့်ရှင်း သာယာလှပစေရေးနှင့် အဝင်မုခ်ဦးဆိုင်းဘုတ်ဗီနိုင်းနှင့် အထူးတန်းပွဲကြည့်စင်မျက်နှာစာ နဖူးစည်းတန်း (ပန်းဆွဲ) အသစ်ပြန်လည်ပြုပြင်တပ်ဆင်ခြင်း၊ အထူးတန်းပွဲကြည့်စင်၊ Inner Fence တိုင်အောက်ခြေ၊ အုတ်ခုံ၊ VIP ဧည့်ရိပ်သာရှိ ရေစင်နှင့် အားစားရုံခန်းမ နံရံတို့ကို ပြန်လည်ဆေးသုတ်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် အုပ်ချုပ်မှုကိစ္စထူးခြားဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် သွားလာနေထိုင်ကြရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး (၃၀) တို့ကို လေ့လာကျက်မှတ်၍ လေးစားလိုက်နာသွားရန်လိုကြောင်း၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေး တိုက်တွန်းမှာကြားပြီးနောက် ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ နေထိုင်၊ စားသောက်မှုများ အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်စသည့် စားသောက်ကုန်ပစ္စည်းများအား ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ညနေပိုင်းတွင် ပုဂ္ဂလိကလုပ်ငန်းရှင် ငှားရမ်းလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံပိုင်နန်းမြိုင်ဟိုတယ်သို့ ရောက်ရှိကာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအဆင့်အတန်း မြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံ၏ တောင်ပေါ်အပန်းဖြေမြို့တစ်မြို့ဖြစ်သည့် ပြင်ဦးလွင်မြို့ကို ခရီးသွားမြို့တော်ဂုဏ်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် ခရီးသွားရာသီအတွင်း လာရောက်တည်းခိုကြသည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကို တန်းပြည့်ဝန်ဆောင်မှုပေး၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဟိုတယ်ရှိဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးများ ယခုထက်ပိုမိုအဆင့်မီကောင်းမွန်စေရေးအတွက် လေ့ကျင့်ဆောင်ရွက်ပေးနိုင်ရေး၊ ဟိုတယ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် ကိုယ်ကာယကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဂန္ဓမာမြိုင်ဟိုတယ်သို့သွားရောက်၍ ဟိုတယ်ဝင်းအတွင်း မြေယာရှုခင်းများလှပစွာ ဆက်လက်ဆောင်ရွက်ထားရှိရန်နှင့် ကားရပ်နားရန်နေရာများကိုပါ စနစ်တကျဆောင်ရွက်ထားရှိရန်၊ အဆောက်အအုံအား မူလလက်ရာမပျက်စေဘဲ ထိန်းသိမ်းပြုပြင်ဆောင်ရွက်ရန်နှင့် ဌာနေဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်မည့် လုပ်ငန်းများကို တိုးချဲ့စီစဉ်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ကိစ္စရပ်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3500 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
