ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / January 26, 2026
ရန်ကုန် ဇန်နဝါရီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ အမှတ် (၁၈-A) ၌ စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဝဇီရာရုပ်ရှင်ရုံအဆင့် မြှင့်တင်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် ရွှေတောင်ကုမ္ပဏီမှ တာဝန်ရှိသူများက ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းများအပိုင်း လိုက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မူလလက်ရာမပျက်စေဘဲ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဗိသုကာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီတို့၏ Assessment Report များကိုအခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆောက်အအုံသက်တမ်းသည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီး မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် တန်ဖိုးထားထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်က လုပ်ငန်းလျာထားခဲ့သည့် ပြုပြင်မွမ်းမံခြင်းအဆင့်နှင့် မလုံလောက်ဘဲ အဆင့်မြှင့်တင်ပြုပြင်ခြင်း Retrofitting နှင့် Upgrading လုပ်ငန်းများကိုပါ မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရသည့်အတွက် မူလလျာထားချက်ထက် ကုန်ကျငွေပိုမိုများပြားလာသည်ကို တွေ့ရပါကြောင်း၊ အများပြည်သူဝင်ထွက်အသုံးပြုမည့် ကဇာတ်ရုံဖြစ်ပြီး ဘေးကင်းလုံခြုံရန်လိုအပ်ခြင်း၊ နိုင်ငံတကာဂုဏ်ပြုခံ ကဇာတ်ရုံဂုဏ်အင်္ဂါအဆင့်အတန်းနှင့် ကိုက်ညီရန် လိုအပ်ခြင်းတို့ကြောင့် စနစ်တကျ ပြုပြင်ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဝဇီရာရုပ်ရှင်ရုံရှေ့ မြန်မာ့မီးရထားပိုင်မြေနေရာတွင် ယာဉ်ရပ်နားရန် နေရာလျာထားဆောင်ရွက်သွားမည့်နေရာကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ စာဆိုဗိမာန် သုံးထပ် (RC) အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမ၌ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စာဆိုဗိမာန်ကို တာဝန်ယူတည်ဆောက်နေသည့် Myanmar Land & Development Ltd Project Director တို့က စာဆိုဗိမာန်အဆောက်အအုံ ၈၈ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စာဆိုဗိမာန်အဆောက်အအုံကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရန်နှင့် အရည်အသွေးနှင့် ကြံ့ခိုင်မှုအပိုင်းကို အထူးဂရုပြုရန်၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ကလည်း အထူးကြပ်မတ်စစ်ဆေးရန်၊ စာဆိုဗိမာန်တွင် စာပေ၊ ဂီတ၊ သဘင်နှင့် ပတ်သက်ပြီး ပြသနိုင်ရေးသက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်ကြီးများ၏ အကြံဉာဏ်ကိုရယူကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်၊ ပြတိုက်အတွင်း ပြသမည့် ပစ္စည်းများကိုလည်း အချိန်မီစုဆောင်းထားရန်၊ စာဆိုဗိမာန်အဆောက်အအုံဝင်း အတွင်း/ အပြင် သာယာလှပစေရေးသစ်ပင်၊ ပန်းမန်အလှပင်များ စနစ်တကျစိုက်ပျိုးထားရှိရန်၊ အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုသာ အသုံးပြုရန်၊ နိုင်ငံတော်အဆင့် အဆောက်အအုံဖြစ်သည့်အပြင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် အဆောက်အအုံဖြစ်သည့်အတွက် စာဆိုဗိမာန်ကို စနစ်တကျဖြစ်စေရေး ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်
Newspaper - 3422 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
