ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်မြို့ရှိ မြန်မာ့ရုပ်မြင်သံကြားတွင် ဌာနနှင့် ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်နေသော မီဒီယာလုပ်ငန်းများ ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / January 26, 2026
image_latest


ရန်ကုန် ဇန်နဝါရီ ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဌာနနှင့် ပုဂ္ဂလိကတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မီဒီယာလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

ဦးစွာ MyanSat DTH ထုတ်လွှင့်ရေးနှင့် ဖြန့်ချိရေးရုံးချုပ်သို့ ရောက်ရှိစဉ် Chief Operation Officer ဦးသန့်စင်က ရုံးချုပ်အဆောက်အအုံဌားရမ်း၍ ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် ဖြန့်ခွဲနေရာချထားပြီး လုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်တွင်း/ပြည်ပ ရုပ်သံလိုင်းပေါင်း ၁၅၆ လိုင်းဖြင့် စီစဉ်ထုတ်လွှင့်နေမှု၊ နိုင်ငံတစ်ဝန်း၌ ဖြန့်ချိရေးအရောင်းဆိုင် ၁၀၂ ဆိုင်ဖွင့်လှစ်ပြီး MyanSat Set Top Box (STB) တစ်သောင်းကျော် ရောင်းချထားရှိမှုအပြင် MRTV DTH Set Top Box (STB) များလည်း ရောင်းချပေးနေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် Shwe FM ထုတ်လုပ်ရေးရုံးသို့ ရောက်ရှိရာ ရွှေသံလွင်မီဒီယာကုမ္ပဏီမှ MD ဦးမင်းမင်းက ထုတ်လုပ်ရေးရုံးနှင့် စတူဒီယိုတို့ နေရာခွဲခြားဆောင်ရွက်နေမှု၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်တို့အတွက် ဦးစွာထုတ်လွှင့်ပေးခဲ့ရာမှ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွက် တိုးချဲ့ပြီး ထပ်ဆင့်လွှင့်စက်ရုံ ၁၇ ရုံမှတစ်ဆင့် ထုတ်လွှင့်နေမှု၊ နေ့စဉ် နံနက် ၅ နာရီမှ ည ၁၁ နာရီအထိ စုစုပေါင်း ၁၈ နာရီ စီစဉ်ပြီး မြန်မာ့အသံသတင်းများကို နေ့စဉ်မွန်းလွဲ ၁ နာရီနှင့် ည ၈ နာရီတို့တွင် တိုက်ရိုက်ရယူထုတ်လွှင့်နေမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရွှေသံလွင်ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် (200 Meter Transmission work station) လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက သဘာဝဘေးဒဏ်ဖြစ်ပွားမှုများ ကြုံတွေ့ခဲ့ရသော်လည်း တာဝါတိုင်နှင့် အလုပ်ရုံတို့ ထိခိုက်မှုမရှိဘဲ ကြံ့ခိုင်ကောင်းမွန်မှု၊ လာမည့်နှစ်များတွင် တာဝါတိုင်အား ဆေးသုတ်၍ ထိန်းသိမ်းရန်စီစဉ်ထားမှု၊ Satellite Transmitter Antenna လုပ်ငန်းစဉ်များအတိုင်း MRTV, Forever, Skynet, ပတ္တမြားFM တို့ ရယူအသုံးပြုနေမှု၊ Skynet DTH Control အား လှည့်လည်အသုံးပြုနေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် Forever ကုမ္ပဏီရုံးချုပ်သို့ ရောက်ရှိရာ CEO ဒေါက်တာ ဟိန်းထက်အေးနှင့် အထွေထွေမန်နေဂျာ ဦးကျော်ကျော်တို့က ရုပ်သံလုပ်ငန်းများ နေရာခွဲခြားဆောင်ရွက်နေမှုများအနက် ယခုနေရာတွင် ရုံးချုပ်၏ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်အတူ မန္တလေး FM နှင့် ပဉ္စဝတီ FM (Teen Radio) ထုတ်လုပ်ရေးနှင့် ထုတ်လွှင့်ရေးများ ဆောင်ရွက်နေမှု၊ Mandalay FM သည် နေပြည်တော်နှင့် တောင်ငူမြို့တို့တွင် မိုင် ၃၀ ပတ်လည်၊ ရန်ကုန်မြို့တွင် မိုင် ၆၀ ပတ်လည်နှင့် မန္တလေးမြို့တွင် မိုင် ၉၀ ပတ်လည် သို့ နေ့စဉ် ၁၈ နာရီကြာ ထုတ်လွှင့်၊ ရောက်ရှိမှု၊ ပဉ္စဝတီ FM ကို Teen Radio အမည်ဖြင့် ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွက် နေ့စဉ် ၁၈ နာရီ စီစဉ်ထုတ်လွှင့်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အသံလွှင့်စတူဒီယိုများကို လိုက်လံကြည့်ရှုပြီး အဆိုပါ FM ပရိသတ်များသို့ နှုတ်ခွန်းဆက်ပြောကြားမှုကို တိုက်ရိုက် (Live) ထုတ်လွှင့်မှုဖြင့် ပါဝင်ဆောင်ရွက်သည်။

ထို့ပြင် စတူဒီယို - အေနှင့် ဆက်စပ်စတူဒီယိုများပါဝင်သော အဆောက်အအုံအတွက် လျှပ်စစ်ဓာတ်အားချွေတာအသုံးပြုနိုင်သည့် Ton 250 , Chiller System ဖြင့် အဆင့်နှစ်ဆင့်ခွဲခြား၍ အစားထိုးတပ်ဆင်နေမှုတွင် ဒုတိယအဆင့် Ton 125 တပ်ဆင် ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး အအေးဓာတ်ဖြန့်ခွဲနေရာ (AHU) များနှင့် အအေးဓာတ်ပေးပို့လိုင်း (Duct Line) များ စစ်ဆေးပြုပြင်ရန်နှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်မှုစတိုမှ အရန်စက်ပစ္စည်းများအား မှတ်တမ်းထား၍ စနစ်တကျထိန်းသိမ်း/ထုတ်ပေးရန်၊ အရေးပေါ်ဓာတ်အားလိုင်းချွတ်ယွင်းမှုဖြစ်ပေါ်ပါက ၅၀၀ ကေဗွီအေမီးစက်ကြီးနှစ်လုံးဖြင့် အချိန်နှင့်တစ်ပြေးညီ ဖွင့်လှစ်အသုံးပြုနိုင်ရန်အတွက် စက်ကြံ့ခိုင်ရေးအပါအဝင် စမ်းသပ်မောင်းနှင်ရေးကို စနစ်တကျဖြင့် မှတ်တမ်းထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

သတင်းစဉ်

Newspaper - 3422 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download