ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များ ဆွေးနွေး


Ministry of Information/ Naypyitaw / January 26, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့က ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့များမှ ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှုလျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုအချိန်ကာလ ပွင့်လင်းရာသီတွင် တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် Fire Hotspots ဖြစ်ပေါ်လာစေပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့်အပြင် မီးခိုးမြူငွေ့များတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော PM 2.5 အမှုန်များသည် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါမီးခိုးမြူငွေ့များသည် လေစီးကြောင်းအတိုင်း တစ်နိုင်ငံမှတစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရောက်ရှိနိုင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် Fire Hotspots လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ၊ ထိုင်းနှင့် လာအိုသုံးနိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် - Clear Sky Strategy (၂၀၂၄-၂၀၃၀) ကို ရေးဆွဲထုတ်ပြန်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပြီး မီးခိုးမြူငွေ့ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံအတွင်း Fire Hotspots ဖြစ်ပွားမှုအရေအတွက် သည် ၂၀၂၄ ခုနှစ်တွင် ၅၁၀၉၁ ခု ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၄၅၀၂၅ခု တွေ့ရှိရသဖြင့် ၆၀၆၆ ခု (၁၂ ရာခိုင်နှုန်း) လျော့နည်းသွားသည် ကို တွေ့ရှိရကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ၂၀၂၅ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားသည်ကို တွေ့ရှိရ၍ ဆောင်ရွက်ချက်များအား အသိအမှတ်ပြုပါကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင်လည်း ဆက်လက်လျော့နည်းသွားအောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းအစား ကွန်တို/တောင်စောင်း စိုက်ပျိုးခြင်းနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ကုန်းမြင့်လယ်ယာစိုက်ပျိုးရေးစနစ် ကျင့်သုံးခြင်း၊ စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများနှင့် လူနေအိမ်များမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရေးနှင့် မီးရှို့ခြင်းအစားသဘာဝမြေဩဇာပြုလုပ်၍ ပြန်လည်အသုံးပြုခြင်း စသည့်အလေ့အကျင့်များကို အလေးထားဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သောနည်းပညာ၊ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပေါင်းစပ်ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ သဘာဝသယံဇာတများ ရေရှည်တည်တံ့ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်ရေး၊ Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးတို့ကို ဌာနအသီးသီးနှင့် အဖွဲ့အစည်းများ၊ ဒေသခံများအားလုံးအတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးပူးပေါင်းပါဝင်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်၊ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနရုံးရှိ မြို့မပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားသော ပျိုးပင် ၁၁၃၀၀၀ ကျော်ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3422 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download