ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားဈေးကွက်ညီလာခံ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ


Ministry of Information/ Naypyitaw / January 30, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၉

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ်မြို့၌ ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားဈေးကွက်ညီလာခံ (Global Labour Market Conference 2026) သို့ တက်ရောက်ပြီး ယမန်နေ့က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားဈေးကွက်ညီလာခံကို ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားဈေးကွက်တွင် ကြုံတွေ့နေရသောအခက်အခဲများကို ဖြေရှင်းရန်နှင့် အနာဂတ်အတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရန်အတွက်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

ညီလာခံ၏ ပထမပိုင်းအစီအစဉ်ကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ရီယာဒ်မြို့ Ritz-Carlton ဟိုတယ်အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ ဆော်ဒီအာရေဗျနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Ahmad bin Sulaiman AI-Rajhi က အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲကို “From Policy to Practice: Opening Immediate Pathways to Work Amid Rapid Change” ခေါင်းစဉ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားဈေးကွက်ညီလာခံကို ၂၀၂၃ ခုနှစ်တွင် လူငယ်များကို နည်းပညာအတွက် ပြင်ဆင်ပေးရန် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ညီလာခံတွင်ထိရောက်သည့် လုပ်ဆောင်ချက် (၈) ရပ်ကို ချမှတ်နိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိန်ခေါ်မှုမှာ အနာဂတ် စီမံကိန်းချမှတ်နေရန်သာမဟုတ်တော့ဘဲ တိုးတက်ပြောင်းလဲလာသည့် အလိုအလျောက်စနစ်များ၊ ရာသီဥတုပြောင်းလဲမှုများနှင့် စီးပွားရေးဖိအားများကို လက်တွေ့ကျကျ တုံ့ပြန်နိုင်မည့် ဆောင်ရွက်ချက် များကို အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူဝါဒများကိုလက်တွေ့ အဖြစ်ပြောင်းလဲရန် အောက်ပါအဓိကနယ်ပယ် လေးခုကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမဦးစွာ အလုပ်အကိုင်အခွင့်အလမ်းများကို လူတိုင်းလက်လှမ်းမီပါဝင်လာစေရန် စနစ်တကျ စုစည်းထားမှုမရှိသောကဏ္ဍ (Informal Sector) မှ စီးပွားရေးလုပ်ငန်းများကို စနစ်တကျစုစည်းမှတ်ပုံ တင်ထားသောကဏ္ဍ (Formal Sector) သို့ ပြောင်းလဲနိုင်ရေး ကြိုးပမ်းလျက်ရှိပါကြောင်း။

ဒုတိယအနေဖြင့် လုပ်သားများအား မှန်ကန်သောကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံများရေးဆွဲခြင်းနှင့် Recognition of Prior Learning (RPL) စနစ်အရ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယအနေဖြင့် လိုက်လျောညီထွေမှုရှိသော လုပ်သားဈေးကွက်များကို ပျိုးထောင်ပေးနိုင်ရေးအတွက် မူဝါဒများဟန်ချက်ညီစေရန် ဆောင်ရွက်နေပါကြောင်း။

စတုတ္ထအနေဖြင့် နည်းပညာနှင့် အချက်အလက်များကို ထိရောက်စွာအသုံးချနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော်အလုပ်သမားလိုအပ်ချက်နှင့် ထောက်ပံ့မှုကိုချိတ်ဆက်ရန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံအများအပြားပူးပေါင်းဆောင်ရွက်မှုမူဘောင်များကို ပိုမိုခိုင်မာအောင်ချမှတ်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသို့ ဆောင်ရွက်ရာတွင် မဖြစ်မနေလိုအပ်မည့် အခြေခံဒစ်ဂျစ်တယ်ကျွမ်းကျင်မှု (Digital literacy) ကို ဦးစားပေးတစ်ရပ်အဖြစ် ထည့်သွင်းသွားမည်ဖြစ်ပြီး ပြည်ပတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသောလုပ်သားများအနေဖြင့်လည်း ၎င်းတို့ရရှိခဲ့သည့်အတွေ့အကြုံနှင့် နည်းပညာများကို နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြန်လည်အသုံးချနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် Brain Drain အခြေအနေမှ Brain Gain ဖြစ်စေရန်ကြိုးစားဆောင် ရွက်လျက်ရှိပါကြောင်းနှင့် “မူဝါဒများမှလက်တွေ့ဆီ သို့ အတူတကွ လျှောက်လှမ်းကြပါစို့ ဟု တိုက်တွန်းဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံပေါင်း ၄၀ မှ အလုပ်သမားရေးရာဝန်ကြီးများက အသီးသီးဆွေးနွေးကြသည်။

 မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရီယာဒ်မြို့ King Abdulaziz International Conference Center ရှိ အထွေထွေညီလာခံခန်းမတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားဈေးကွက် ညီလာခံဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး H.E. Ahmed bin Sulaiman Al-Rajhi မှ ဧည့်ခံသော ယဉ်ကျေးမှုပြပွဲနှင့် ညစာစားပွဲသို့ တက်ရောက်သည်။

ဇန်နဝါရီ ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ဆော်ဒီအာရေဗျနိုင်ငံ၊ General Supervisory Executive for Domestic Services Sector မှ Mr. Abdulwahab Alageel နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအလုပ်သမားရေးရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဆက်လက်၍ ဆော်ဒီအာရေဗျနိုင်ငံ၏ အလုပ်သမားဈေးကွက်အတွက် လုပ်ငန်းခွင်ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ကျွမ်းကျင်မှုနှင့်လေ့ကျင့်ရေးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားလုပ်သား အသုံးချမှုမြှင့်တင်ရေးနှင့် စီမံခန့်ခွဲမှုအမြင့်ဆုံးအဆင့် ကဏ္ဍများအတွက် ထူးချွန်သောပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို Labour Award ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားဈေးကွက်ညီလာခံသို့ နိုင်ငံပေါင်း ၄၀ မှ အလုပ်သမားရေးရာဝန်ကြီးများ၊ ILO ၊ World Bank၊ နိုင်ငံတကာသံရုံးအသီးသီးမှ ကိုယ်စားလှယ်များ၊ အစိုးရဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးများမှ CEO များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်

Newspaper - 3426 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download