ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် စမုံရေထိန်းတမံ၏ ပင်မတမံ၊ ရေတံခါးများနှင့် ရေပိုလွှဲပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ စစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် စမုံရေထိန်းတမံ၏ ပင်မတမံ၊ ရေတံခါးများနှင့် ရေပိုလွှဲပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ စစ်ဆေး
Ministry of Information/ Naypyitaw / February 01, 2026
နေပြည်တော် ဇန်နဝါရီ ၃၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ရှိ စမုံမြစ်အင်တိုင်းသာချောင်းပေါ်၌ တည်ဆောက်ထားသော စမုံရေထိန်းတမံသို့ရောက်ရှိပြီး တမံပြုပြင်ရေးလုပ်ငန်းများ၊ ရေတံခါးများနှင့် ရေပိုလွှဲပြုပြင်ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ရာဂီမုန်တိုင်းအရှိန်ကြောင့် စမုံရေထိန်းတမံအတွင်း သိုလှောင်နိုင်သည့် ပမာဏထက် ပိုမိုသည့်ရေများ အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး တမံထိခိုက်ပျက်စီးခဲ့မှု၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့သည့် တမံပြုပြင်ရေးလုပ်ငန်းအဆင့်ဆင့်နှင့် အကျယ်ပေ ၅၃၀ ရှိသည့် Dam Fuse ထည့်သွင်းတည်ဆောက်ခြင်း၊ ပင်မရေပိုလွှဲနှင့် ရေတံခါးများပြုပြင်ခြင်းလုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါး ၁၅၁၇ ဧကအား စိုက်ပျိုးရေပေးဝေခဲ့မှုနှင့် လက်ရှိတွင် စမုံရေထိန်း တမံအတွင်းရှိ လက်ကျန်ရေ ၄၃၂၇ ဧကပေမှ နွေစပါးနှင့် နွေအခြားသီးနှံ ဧက ၅၀၀ အား စိုက်ပျိုးရေပေးဝေရန် လျာထားဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စမုံရေထိန်းတမံအနေဖြင့် ကန်ရေပြည့် ရေလှောင်ပမာဏ ၇၉၁၃ ဧကပေသာ သိုလှောင်နိုင်သော်လည်း ၂၀၂၄ ခုနှစ်၌ ဝင်ရေ ဧကပေ ၂၃၀၀၀၀ ကျော် ဝင်ရောက်ခဲ့မှုအပါအဝင် ထူးခြားဖြစ်စဉ်များနှင့် နှစ်အလိုက် ဝင်ရေမှတ်တမ်းများ စနစ်တကျပြုစုထားရှိရန်၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ စမုံရေထိန်းတမံ ရေဝပ်ဧရိယာအပါအဝင် ဆည်တမံဆိုင်ရာ ဥပဒေစည်းမျဉ်း စည်းကမ်းနှင့်ညီညွတ်ခြင်းမရှိသော အဆောက်အအုံနှင့် မြေယာအသုံးပြုမှုများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စမုံရေထိန်းတမံအနီးရှိ အမြင့်ပိုင်းစိုက်ပျိုးမြေများ ရေရရှိရေးအတွက် ဆောင်ရွက်ထားရှိသော ဆိုလာစနစ် ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်ဒေသခံတောင်သူများအား တွေ့ဆုံ၍ ဆည်ရေသောက် ဧရိယာအတွင်း စပါးသီးနှံအခြေခံဆီထွက်သီးနှံနှင့် ဝင်ငွေရသီးနှံများ သီးထပ်စိုက်ပျိုးရေး၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ တောင်သူအခက်အခဲများကို သက်ဆိုင်ရာဌာနပညာရှင်များက နည်းလမ်းရှာဖွေကူညီပေးနိုင်ရေး ဆွေးနွေးမှာကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရာဂီမုန်တိုင်းကြောင့် ရေတိုက်စားကျိုးပေါက်ခဲ့သော ဝမ်းတွင်းမြို့နယ် ကင်းတားလက်ဝဲတူးမြောင်း ပေတိုင် - ၁၃၄၂၀၀ ရှိ စမုံရေငုပ်ပြွန် တည်ဆောက်ရေး လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက နွေစပါးနှင့် အခြားနွေသီးနှံများ စိုက်ပျိုးရေအချိန်မီပေးဝေနိုင်ရန်အတွက် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေး၊ စီမံကိန်းလုပ်ငန်းအတွက် အသုံးပြုခဲ့ရသော မြေယာများအတွက် တည်ဆဲမြေယာဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သင့်သည်များကို ပြည့်စုံစွာ စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ရာဂီမုန်တိုင်းအရှိန်ကြောင့် စမုံမြစ်တစ်လျှောက် တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး စမုံရေငုပ်ပြွန်သည်လည်း ရေတိုက်စား ကျိုးပေါက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ခုနှစ်၌ စမုံရေငုပ်ပြွန်အသစ် ပြန်လည်တည်ဆောက်ခဲ့ကြောင်း၊ တည်ဆောက်နေစဉ်ကာလအတွင်း စိုက်ပျိုးရေယာယီပေးဝေနိုင်ရန် စမုံမြစ်အတွင်း ယာယီရေတားတမံဖို့၍ အဆိုပါတမံပေါ်မှ ယာယီရေပေးမြောင်းတည်ဆောက်ပြီး နွေစပါးနှင့် အခြားနွေသီးနှံ ဧက ၅၀၀ အား စိုက်ပျိုးရေပေးဝေခဲ့ကြောင်း၊ စမုံရေငုပ်ပြွန်အသစ် တည်ဆောက်ရေးလုပ်ငန်းဆောင် ရွက်နေစဉ် ၂၀၂၅ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရေငုပ်ပြွန်တည်ဆောက်ဆဲလုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် စမုံရေငုပ်ပြွန်အား နေရာပြောင်းရွှေ့၍ အသစ် ပြန်လည်တည်ဆောက်လျက်ရှိပြီး လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရေပေးရာသီမတိုင်မီအပြီး တည်ဆောက်သွားမည်ဖြစ်ကာ လုပ်ငန်းများပြီးစီးပါ က ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေများသို့ စိုက်ပျိုးရေအပြည့်အဝ ပြန်လည်ပေးဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3428 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
