ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းသားများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ


Ministry of Information/ Naypyitaw / February 15, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့ ဖောင်းကန်ရပ်ကွက်၌ ရွှေအိုးစက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းမှ အိုးလုပ်ငန်းလုပ်ကိုင်သော သမဝါယမအသင်းသားများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သရက်လိန်းကျေးရွာအုပ်စုနှင့် သူရဲဇီးကျေးရွာတို့တွင် ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ ဝါးလက်မှုထည်သင်တန်းနှင့် အိုးလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးအတွက် စဉ့်ရည်သုတ်လိမ်းခြင်း သင်တန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဖွင့်လှစ်ခဲ့ကြောင်း၊ အသင်းသားများ၏ မိသားစုဝင်ငွေတိုးပွားရေးအတွက် အိမ်မိုးအုတ်ကြွပ်များ ထုတ်လုပ်နိုင်ရေး လိုအပ်သည့် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိရေးနှင့် မြေနမူနာစမ်းသပ်မှုများကို မိမိတို့ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော မျိုး၊ မြေ၊ ရေ၊ နည်းစသည့် စိုက်နည်းစနစ်များအတိုင်း လိုက်နာ ကျင့်သုံး၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ရွှေအိုးစက်မှု လက်မှုကုန်ထုတ်သမဝါယမအသင်းမှ ထုတ်လုပ်ရောင်းချနေသော မြေထည်ပစ္စည်းများ၊ မြေအိုးပြုလုပ်ခြင်း၊ မီးဖုတ်ခြင်းလုပ်ငန်းစဉ်များကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သဲကုန်းမြို့နယ် ကန်နှစ်ဆင့်ကျေးရွာ၌ စိုက်ပျိုးမွေးမြူရေးသမဝါယမအသင်းသားများ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ၊ သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး အသင်းသားတောင်သူများနှင့် ကျေးရွာသူ ကျေးရွာသားများ၏ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမွေးမြူရေးတင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းများ ထောက်ပံ့ပေးအပ် သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် သိုက်ဝါးချောင်းကျေးရွာအဝင်လမ်း ဂဝံကျောက်ခင်းခြင်းနှင့် မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် သာယာဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကွမ်းခြံအင်းကျေးရွာအုပ်စု အရှေ့စုကျေးရွာ ကုန်ထုတ်လမ်း ဂဝံကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ တောင်သူများ၏ စိုက်ပျိုးမြေဧက ၅၀၀ အတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေရေး၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3442 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download