ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ထားသည့် လူနာများအား ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / March 04, 2026
image_latest


နေပြည်တော် မတ် ၃

ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေး ရည်မှန်းကာ ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေးနှင့် ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးဆောင်ရွက်လျက်ရှိရာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြုလုပ်ခဲ့သည်။

ယနေ့ ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိသော ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူထားသည့် လူနာများအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားကာ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အခြေအနေနှင့် လူနာများ၏ ကျန်းမာရေးအခြေအနေ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပြီး ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို လစဉ်အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရန် မှာကြားသည်။

ခွဲစိတ်ချိန် ခြောက်နာရီခွဲ ကြာမြင့်

စတုတ္ထအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ဇမ္ဗူသီရိမြို့နယ် အသက် (၄၅) နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသမီးနှင့် ကျောက်ကပ်အလှူရှင် သားတော်စပ်သူ အသက် (၂၀)နှစ်ရှိ အမျိုးသားတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းခွဲစိတ်ချိန် ခြောက်နာရီခွဲကြာမြင့်ခဲ့သည်။

ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ပျော်ဘွယ်မြို့နယ်နေ အသက် (၃၄) နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသားနှင့် ကျောက်ကပ်အလှူရှင် အစ်မတော်စပ်သူ အသက် (၃၆) နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းခွဲစိတ်ချိန် ငါးနာရီ ကြာမြင့်ခဲ့သည်။

အနီးကပ်ဆောင်ရွက်ပေးလျက်ရှိ

စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင် လေးဦးတို့၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လူနာများအား အထူးကြပ်မတ်ကုသဆောင်တွင်လည်းကောင်း၊ ကျောက်ကပ်အလှူရှင်များအား ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုသဌာနတွင်လည်းကောင်း ထားရှိကာ လိုအပ်သောကုသမှုများ အနီးကပ်ဆောင်ရွက်ပေးလျက်ရှိသည်။

စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ခွဲစိတ်) ပါမောက္ခ ဒေါက်တာကျော်စိုးကျော်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)မှ ပါမောက္ခ (ဆီးနှင့် ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာသဇင်ခိုင်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာ မျိုးသန်းနှင့် ဆေးတက္ကသိုလ် (မကွေး) မှ ပါမောက္ခ/ ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာအောင်တို့ပါဝင်သော ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ဆေးကု) ပါမောက္ခဒေါက်တာဝင်းဝင်းလှိုင်၊ ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ဆေးကု) (ငြိမ်း) ပါမောက္ခဒေါက်တာ ခင်သီတာသွင်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ အထူးကုဆရာဝန်ကြီး (ဆီးနှင့်ကျောက်ကပ်ဆေးကု) ဒေါက်တာ ယဉ်ယဉ်မွန်၊ အထူးကုဆရာဝန်ကြီး (ဆီးနှင့် ကျောက်ကပ်ဆေးကု) ဒေါက်တာကျော်ကျော်မျိုးတို့ ပါဝင်သော ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ ဌာနမှူး (နှလုံးနှင့်သွေးကြောခွဲစိတ်) ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့် သွေးကြောခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခ (မေ့ဆေး) ဒေါက်တာမောင်မောင်ဆွေ၊ ပါမောက္ခ/ဌာနမှူး (မေ့ဆေး) (ငြိမ်း) ပါမောက္ခဒေါက်တာမူမူနိုင်၊ ပါမောက္ခ/ဌာနမှူး (မေ့ဆေး) (ငြိမ်း) ပါမောက္ခ ဒေါက်တာ ကြည်ကြည်စန်းတို့ပါဝင်သော မေ့ဆေးပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခ (ရောဂါဗေဒ) ပါမောက္ခဒေါက်တာစန်းစန္ဒာခင်၊ တွဲဖက်ပါမောက္ခ (အဏုဇီဝ) ဒေါက်တာ ခိုင်ဝင်းထွန်းနှင့် အထူးကုဆရာဝန်ကြီး(သွေးဗေဒ) ဒေါက်တာမီမီခိုင်တို့ ပါဝင်သော ရောဂါရှာဖွေရေးလုပ်ငန်းအဖွဲ့၊ သွေးနှင့် သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခ (ဓာတ်မှန်) ပါမောက္ခဒေါက်တာခိုင်ရွှေဝါ၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မှ ပါမောက္ခ (ဓာတ်မှန်) ပါမောက္ခဒေါက်တာသဇင်သန်းတို့ ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းလှိုင် ဦးဆောင်သော ဆေးရုံစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆရာဝန်များ၊ သူနာပြုအုပ် ဒေါ်ဝုန်ဆွင်းကျင်း၊ တာဝန်ခံသူနာပြုကြီး ဒေါ်မွန်ရည်ရည်ထွန်း၊ သူနာပြုကြီး ဒေါ်ခင်ထားဝင်း၊ ဒေါ်သက်ဆု၊ ဒေါ်အေးအေးမော်တို့ ဦးဆောင်သော ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသ ဆောင်သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်းကောင်း၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

ပုံမှန်ဆက်လက်ဆောင်ရွက်

ယခုကဲ့သို့ ပြည်တွင်း၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပြည်သူများအတွက် လိုအပ်သောကုသမှုကို လက်လှမ်းမီရရှိစေကာ ပြည်ပသို့ သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေနိုင်သဖြင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ ပုံမှန်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3459 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download