ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / March 12, 2026
image_latest


နေပြည်တော် မတ် ၁၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

စာမေးပွဲဖြေဆိုနေမှုကြည့်ရှု

ထို့နောက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ဒုံယင်း)နှင့် နည်းပညာအထက်တန်းကျောင်း (ဘားအံ)စာစစ်ဌာနများ ၌ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့‌ငွေများပေးအပ်ပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဘားအံတက္ကသိုလ်၌ အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဘားအံတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး၊ သင်ကြားရေးနှင့် သုတေသနကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုပုံစံဖြစ်စေရေး၊ သုတေသနအခြေပြု တက္ကသိုလ်ပေါ်ထွန်းလာစေရေး ရည်မှန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန်နှင့် AI နည်းပညာကိုလည်း စနစ်တကျအကျိုးရှိရှိ အသုံးချနိုင် ရန်လိုအပ်ကြောင်း၊ တက္ကသိုလ်သန့်ရှင်းသာယာ လှပရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး အမြဲမပြတ် ဆောင်ရွက်ရန်၊ တက္ကသိုလ်၏ အရည်အသွေး အာမခံမှုစနစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်ဆိုင်ရာ ဆောင်ရွက်မည့် အစီအစဉ်များကို တစ်နှစ်တာအတွက် ပြက္ခဒိန်ရေးဆွဲထားရန် လိုအပ်ကြောင်း မှာကြားကာဝန်ထမ်းများ ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဘားအံပညာရေး ဒီဂရီကောလိပ်၌ အဆိုပါကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး ဆရာ ဆရာမများ ဖြစ်လာမည့် သူများအနေဖြင့် မိမိတို့ကိုယ်တိုင် စည်းကမ်းရှိကြရန်လိုအပ်ပြီး ဘာသာရပ်များကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူများ ဖြစ်လာစေရေး ကြိုးစားသင်ယူကြစေလိုကြောင်း၊ ပညာရေးဒီဂရီ ကောလိပ်ငါးကျောင်းကို တက္ကသိုလ်အဆင့် မြှင့်တင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ သင်ကြားရေးသာမက သုတေသန လုပ်ငန်းများကိုလည်းကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်းပြောကြားကာ သင်တန်းသား သင်တန်းသူများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3467 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download