ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မင်းဘူးမြို့ ခရိုင်အားကစားကွင်းပြန်လည်ပြုပြင်နေမှုနှင့် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်တောစိုက်ခင်းတည်ထောင်ရန်ပြင်ဆင်ထားမှုများအား ကွင်းဆင်းစစ်ဆေး


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / April 02, 2026


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်းအား အဆင့်မြှင့်တင်ရန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်အားကစားကွင်း အတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်း အုတ်ရေမြောင်း ၃၁၀၂ ပေ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လျာထားချက်အတိုင်း အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ အပူရှပ်ခြင်း/အပူကြောင့် သတိလစ်ခြင်း (Heat Stroke) ဖြစ်ပေါ်လာပါက လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ယခု နွေရာသီ အပူချိန် မြင့်မားသောကာလတွင် အပူရှောင်စခန်းများ ဖွင့်လှစ်ပြီး အသက်အရွယ်ကြီးသူများနှင့် နာတာရှည် ရောဂါအခံရှိသူများအား စောင့်ရှောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ အပူရှပ်ခြင်း အကြောင်းရင်းများနှင့် ကာကွယ်ရန်နည်းလမ်းများကို ပြည်သူများ သိရှိစေရန် အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ်ရှိ ကန်ရေပျိုးဥယျာဉ်သို့ သွားရောက်၍ ၂၀၂၆ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် သစ်မျိုး(၇) မျိုးဖြင့် ပျိုးပင်ပေါင်း (၉၀၀၀၀) ကျော် ပျိုးထောင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး သက်တမ်း ၂ နှစ်ရှိ အမြင့် ၂ ပေအထက် ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်သွားရန်မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ်၊ ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း ၂၀၂၆ ခုနှစ် မိုးရာသီတွင် တည်ထောင်မည့် ကျေးရွာထင်းစိုက်ခင်း (၃၀) ဧက၊ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း (၄၀) ဧကနှင့် (၃၀) ဧကတို့၏ မြေပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းစဉ်များ အဆင့်ချင်းအလိုက် အချိန်မီပြီးစီးရေး၊ တစ်ပင်စိုက် တစ်ပင်ရှင်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ဝန်ကြီးဌာနအနေဖြင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်အတွင်း သစ်ပင်ပေါင်း ၂၉၀,၀၀၀ ကျော် စိုက်ပျိုးသွားမည် ဖြစ်သည်။

Newspaper - 3488 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download