ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 20, 2026
image_latest


နေပြည်တော် ဧပြီ ၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံပျိုးဥယျာဉ်သို့ သွားရောက်စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၆ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပနိုင်ရေး၊ ဒေသတွင်း စိမ်းလန်းစိုပြည်စေရန်အတွက် လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေပေးနိုင်ရေးနှင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲကျင်းပနိုင်ရေးအတွက် မြေနေရာ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် အမြင့်သုံးပေနှင့် အထက်ပျိုးပင်များကို စုဆောင်းထားရှိရန်၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ ရာသီဥတုပြောင်းလဲမှုများလျှော့ချရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဖြစ်သော သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်မှာကြားပြီး ပျိုးဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်အတွင်းရှိ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန အမှတ် (၉)သစ်စက်၌ မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများအပေါ် သိလိုသည်များကို မေးမြန်းပြီး လိုအပ်သည်များမှာကြားသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ပြည့်ဝစွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3501 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download