ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 29, 2026
image_latest


နေပြည်တော် ဧပြီ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး၌ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဦးစီးဌာနများမှဝန်ထမ်းများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်၊ မြို့နယ်အသင်းအမှုဆောင် များ၊ အသင်းသားများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သမဝါယမစနစ်ကိုမဏ္ဍိုင်ပြု၍ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုး၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း မိမိတို့ဝန်ကြီးဌာနက ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ဆိုလာရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ကျေးလက်အခြေခံ အဆောက်အအုံများဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီး၍ မိသားစုဝင်ငွေ တိုးပွား ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် သတင်းအချက်အလက် မှန်မှန်ကန်ကန်ကောက်ယူပြီး တောင်သူများ၊ ကျေးလက်နေပြည်သူများအား စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် စည်းရုံးရေးမှူးကောင်းများ၊ ပေါင်းစပ်ညှိနှိုင်းရေးမှူးကောင်းများဖြစ်အောင် စေတနာထားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ပုသိမ်ကြီးမြို့နယ် နန္ဒာ (တောင်) ကျေးရွာရှိ နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဈေးနှုန်းသက်သာသော သွင်းအားစုများကို တောင်သူလယ်ဝယ် စိုက်ပျိုးချိန်အမီရောက်ရှိရန် ဌာနဆိုင်ရာများနှင့်ပုဂ္ဂလိကတို့ပူးပေါင်းကာ ယူရီးယားမြေဩဇာများ ရောင်းချပေးလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စဉ့်ကိုင်မြို့နယ် ထန်းသုံးပင်စံပြကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) မှ အစုအဖွဲ့စနစ်ဖြင့် မွေးမြူထားသော နို့စားနွားနှင့် ဆိတ်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာ ၁၇၅ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၆၀ ကို ဆက်လက် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ) သို့လည်းကောင်း၊ ပျော်ဘွယ်မြို့နယ် ဂွေးဇီးကျေးရွာရှိ ကျွန်းရွှေဝါလယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယအသင်း၏ မိုးကြိုဝါစိုက်ပျိုးထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3510 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download