ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးအား လက်ခံတွေ့ဆုံ


Ministry of Hotel & Tourism/ နေပြည်တော် / May 04, 2026


နေပြည်တော် ဧပြီ ၂၈

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၃) ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာပါအချက်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရေး၊ ခရီးသွား လုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများ အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလာမှု တိုးမြှင့်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေရေး အတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘာသာရပ်တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ဌာနခွဲများမှ ဘာသာရပ် တာဝန်ခံများက မိမိတို့ဌာနအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရ၊ ပုဂ္ဂလိက ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြရေး၊ နိုင်ငံ့ဝန်ထမ်းများ ပီသစွာ ပြည်သူလူထုနှင့်တိုင်းပြည်အကျိုး ဘက်ညီမျှတစွာ ကြိုးပမ်းဆောင်ရွက်ကြရေး၊ ခေတ်ကာလနှင့်အညီ နည်းပညာများကို ပေါင်းစပ်အသုံးပြု၍ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား လာ စေရန် အလေးထားဆောင်ရွက်သွားကြရေး၊ ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာရေးအတွက် ရည်မှန်းချက်ထား မျှော်မှန်းဆောင်ရွက်ကြရေး၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်အား နိုင်ငံ တကာမှ သိရှိအောင် မြှင့်တင်ကြိုးစားဆောင်ရွက်ကြရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာပညာရပ်များ တိုးတက်ထွန်းကားစေ၍ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး၊ အားလုံးပါဝင်သော ခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာစေရေးတို့ကို တိုက်တွန်းမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspaper - 3515 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download