ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသောပါကစ္စတန်နိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ တာရိခ်ကာရီးမ်အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်


Ministry of Information/ Naypyitaw / September 02, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁

မစ္စတာ တာရိခ်ကာရီးမ်ကို ၁၉၇၄ ခု ဧပြီ ၉ ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့ရှိ ကွေ့အီအာဇမ်တက္ကသိုလ် (Quaid-i-Azam University) မှ ပတ်ဝန်းကျင်သိပ္ပံဆိုင်ရာမဟာဘွဲ့(M. Phil)နှင့် ဇီဝသိပ္ပံဆိုင်ရာ မဟာဘွဲ့ (M.Sc.) ကိုလည်းကောင်း၊ ပန်ဂျပ်တက္ကသိုလ် (University of Punjab) မှ သမိုင်းပညာဆိုင်ရာ မဟာဘွဲ့ကိုလည်းကောင်းရရှိခဲ့ပြီး ဗြိတိန်နိုင်ငံအောက်စဖို့တက္ကသိုလ်မှ တစ်နှစ်ကြာ သံတမန်ရေးရာဘွဲ့လွန်သင်တန်းကို တက်ရောက်အောင်မြင်ခဲ့သည်။ ၎င်းသည် Mscow State University မှ ရုရှား ဘာသာစကားကိုလည်း လေ့လာသင်ကြားခဲ့သည်။

မစ္စတာ တာရိခ်ကာရီးမ်သည် ၂၀၀၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ရုရှားနိုင်ငံမော်စကိုမြို့၊ တာဂျစ်ကစ္စတန်နိုင်ငံ ဒူရှန်ဘီမြို့၊ နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့၊ အိန္ဒိယနိုင်ငံနယူးဒေလီမြို့စသည့် ပါကစ္စတန်သံရုံးများတွင် တတိယအတွင်းဝန်မှ သံမှူးအထိလည်းကောင်း၊ ဓာတုလက်နက်တားဆီးရေး ပိတ်ပင်ရေးအဖွဲ့ဆိုင်ရာ ပါကစ္စတန်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် ဒုတိယအမြဲတမ်းကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးဆဲရှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ပါကစ္စတန်နိုင်ငံကိုယ်စားပြု မဟာမင်းကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ကုလသမဂ္ဂဌာနနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အလယ်အာရှ နိုင်ငံများဌာနတို့တွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဌာနနှင့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားဌာနတို့တွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ စီးပွားရေးဆိုင်ရာ သံတမန်ရေးရာဌာနနှင့် အစ္စလာမ်မစ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဆိုင်ရာဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂၀၂၁ ခုနှစ်၊ မေလမှစ၍ လက်ရှိအချိန်အထိ အမေရိကန် နိုင်ငံ ချီကာဂိုမြို့ရှိ ပါကစ္စတန်ကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မစ္စတာ တာရိခ်ကာရီးမ်သည် အိမ်‌ထောင်ရှင်တစ်ဦးဖြစ်သည်။

သတင်းစဉ်

Newspaper - 3274 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download