ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများအား တွေ့ဆုံအမှာစကားပြောကြား


Ministry of Information/ Naypyitaw / September 02, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများ၊ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင် နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး မိသားဝင်များနှင့် ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် စစ်သံမှူးတို့က သံရုံး၊ စစ်သံရုံး မိသားစုများအား တစ်ဦးချင်းမိတ်ဆက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားမှုကြောင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025 Plus) ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာအခမ်းအနားများသို့ တက်ရောက်ခွင့်ရခြင်းသည် မိမိတို့နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များကိုရရှိစေကြောင်း။

မိမိ၏အလုပ်သဘောခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတတို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး ကောင်းမွန်သည့် ရလဒ်များရရှိအောင် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံမှုများ ကောင်းမွန်တိုးတက်လျက်ရှိကြောင်း၊ အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ဆက်ဆံမှုတိုးတက်ကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးအချိန်မှစတင်၍ နိုင်ငံရေးစနစ်အမျိုးမျိုး၊ စီးပွားရေးစနစ်အမျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်၍ နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာမှုရှိစေရေး တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီပထမအစိုးရသက်တမ်းတွင် ဒီမိုကရေစီစနစ်ခိုင်မာစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့သကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် ပြည်တွင်းငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်ကြောင်း။

တပ်မတော်သားများသည် ပြည်သူများ၏အစိတ်အပိုင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သည်နှင့်အညီ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့အနေဖြင့် လာမည့်ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာဖြင့် ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လူဦးရေးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် မဲဆန္ဒရှင်စာရင်းများကို ရရှိနိုင်သကဲ့သို့ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ကြောင်း။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲအား ဒေသအလိုက်တည်ငြိမ်အေးချမ်းမှုများကိုအခြေခံ၍ အပိုင်းလိုက် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုမရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစနစ်(MEVM)ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း အဆိုပါမဲပေးစနစ်ဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်း၊ ဒီမိုကရေစီနိုင်ငံများ၌ ရွေးကောက်ပွဲသည် အရေးကြီးပြီး ရွေးကောက်ပွဲပြုလုပ်ရာတွင် မဲမသမာမှုများမဖြစ်ရန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအနေဖြင့် ပညာတတ်များဖြစ်ရန်လည်းလိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် နိုင်ငံအတွက်၊ ဒေသအတွက် အကျိုးပြုနိုင်မည့်သူကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်နိုင်ရန်လိုကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးစအချိန်မှစတင်၍ နိုင်ငံရေးစနစ်အမျိုးမျိုး၊ စီးပွားရေစနစ်အမျိုးမျိုးဖြင့်ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် စီမံခန့်ခွဲမှုနှင့် လွဲမှားသည့်မူဝါဒများကြောင့် နိုင်ငံစီးပွားရေးမှာ ကျဆင်းခဲ့ကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း၌ ထုတ်ကုန်များထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုကြာင်း၊ သို့မှသာ ပြည်တွင်းသုံးစွဲမှုဖူလုံပြီး ပိုလျှံသည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းထုတ်ကုန်များ တိုးတက်အောင် ထုတ်လုပ်နိုင်မှသာ နိုင်ငံ၏စီးပွားရေးမှာ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းအနေဖြင့် အလုပ်လုပ်မှသာ နိုင်ငံ၏ စီးပွားရေးမှာတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အတန်းပညာရှိသည့် ပညာတတ်လူသားအရင်းအမြစ်များ လုံလောက်စွာရှိရန်လိုကြောင်း၊ အတန်းပညာများ တိုးတက်လာမှသာ အသိပညာများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်များကိုချမှတ်ထားကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးတွင် တာဝန်ရှိကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးအတွက် သံတမန်တာဝန်ထမ်းဆောင်နေကြသူများ ရှိသကဲ့သို့ နိုင်ငံတော်၏အကျိုးကို ထမ်းဆောင်နိုင်ရန်အတွက် ပညာတော်သင်အဖြစ် လာရောက်ပညာသင်ကြားနေကြသူများ လည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင်များအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ သံရုံးစစ်သံရုံး မိသားစုများနှင့် ပညာတော်သင်များက လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သံရုံး၊ စစ်သံရုံးမိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3274 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download