ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း (၃၄)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတက်ရောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း (၃၄)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတက်ရောက်
Ministry of Information/ Naypyitaw / October 09, 2025

နေပြည်တော် အောက်တိုဘာ ၉
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၄)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(၁) MICC 1 ၌ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၏ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယကများ၊ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် လူဦးရေ(၅၁)သန်းကျော်ရှိသည့်အနက် (၆၀ရာခိုင်နှုန်း)ကျော်သည် မိခင်နှင့်ကလေးများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မိခင်သေနှုန်း၊ မွေးကင်းစတစ်နှစ်အောက်နှင့်ငါးနှစ်အောက် ကလေးများသေနှုန်းသည် နိုင်ငံတော်၏အရေးကြီးသည့် ကျန်းမာရေးအညွှန်းကိန်းတစ်ခု ဖြစ်ပါကြောင်း၊ မိခင်နှင့်ကလေးသေဆုံးမှုနှုန်းကို လျော့ချနိုင်သည်နှင့် အတူမိမိတို့နိုင်ငံ၏ မျှော်မှန်းလူ့သက်တမ်းသည်လည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက မိခင်နှင့်ကလေးကျန်းမာရေးကိစ္စ၊ ပြည်သူတစ်ရပ်လုံး ကျန်းမာပြီးသက်တမ်း ရှည်စွာနေနိုင်ရေးကိစ္စများကို ဦးစားပေး ဆောင်ရွက်ရမည့်ကိစ္စရပ်များအဖြစ် လမ်းညွှန်ထားရှိပါကြောင်း။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရဲ့ မေတ္တာစမ်းရေဆေးခန်းအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်သားဖွားခန်းများ ဖွင့်လှစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များကို စောင့်ရှောက်ခြင်း၊ အန္တရာယ်ကင်းစွာ မွေးဖွားပေးခြင်း၊ မွေးပြီးမိခင် စောင့်ရှောက်ခြင်းနှင့် သားဆက်ခြားလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူသူများကို ကိုယ်ဝန် ၄ လ မှစ၍ လစဉ်အာဟာရယူနစ်နှင့် ကိုယ်ဝန်ဆောင်အားဆေးများ ထောက်ပံ့ပေးခြင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှအသင်းဝင်များအနေဖြင့် အသင်းကြီး၏ အဓိကလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးများတွင်ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးပြီး ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွယ်ဌာန၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် လက်တွဲညီညီလျှောက်လှမ်း နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ လှုပ်ရှားမှုမှတ်တမ်း ဗွီဒီယိုကိုပြသသည်။ ယင်းနောက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးစသည့် ကဏ္ဍကြီး(၄)ရပ်လှုပ်ရှားမှုအတွက် ကဏ္ဍအလိုက် ထူးချွန်ဆုများချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက ကျန်းမာရေးကဏ္ဍ လှုပ်ရှားမှုအတွက် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်၊ ပူးတွဲဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာ အဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူကြသည်။
ဆက်လက်၍ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ်က ပညာရေးကဏ္ဍ လှုပ်ရှားမှုအတွက် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့်ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် မွန်ပြည်နယ်တို့မှ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လူမှုရေးကဏ္ဍလှုပ်ရှားမှုအတွက် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်၊ တတိယဆုရရှိသည့် ရခိုင်ပြည်နယ်တို့မှမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များကို လည်းကောင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင် စီးပွားရေး ကဏ္ဍလှုပ်ရှားမှုအတွက် ပထမဆုရရှိသည့် ဧရာဝတီတိုင်း ဒေသကြီး၊ ဒုတိယဆုရရှိသည့် နေပြည်တော်နှင့် တတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးတို့မှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် အခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့်အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် ကိုယ်ဝန်ဆောင်မိခင်များကို အာဟာရဖြစ်စေမည့် အစားအစာများ ထောက်ပံ့ပေးပြီး (၅)နှစ်အောက်ကလေးငယ်များအား အမီလိုက်ကာကွယ်ဆေးများတိုက်ကျွေးပေးကာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲများက ဒေသထွက်ကုန်ပစ္စည်းများနှင့် ရိုးရာလက်မှု ပစ္စည်းများခင်းကျင်းပြသရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (၃၄)ကြိမ် မြောက်နှစ်ပတ် လည်အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး က ၂၀၂၄ ခုနှစ် နှစ်ချုပ်အစီရင်ခံစာကိုလည်းကောင်း၊ အသင်းဘဏ္ဍာရေးမှူးက ၂၀၂၃ - ၂၀၂၄ ခုနှစ် ငွေစာရင်းရှင်းတမ်းနှင့် ၂၀၂၄ - ၂၀၂၅ ရသုံးမှန်းခြေစာရင်းကိုလည်းကောင်း ဖတ်ကြားတင်သွင်း ကြသည်။ ယင်းနောက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မိခင်နှင့်ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များက ၂၀၂၄ ခုနှစ် နှစ်ချုပ်အစီရင်ခံ စာများကိုဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာကြသူများက အကြံပြုချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper - 3313 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download