ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ ယူ ၁၇ အသင်းအား ငွေကျပ် သိန်း ၁၀၀၀ ဂုဏ်ပြုချီးမြှင့်


Ministry of Information/ Naypyitaw / November 30, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ ယူ ၁၇ အသင်းအား ငွေကျပ် သိန်း ၁၀၀၀ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ဆ) ၏ ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘောလုံးအားကစားဝါသနာရှင်ပရိသတ် အင်အားသုံးသောင်းကျော်ဖြင့် ကွင်းလုံးပြည့်တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲတွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းနှင့် ဆီးရီးယား U-17 အမျိုးသား ဘောလုံးအသင်းတို့သည် ပထမပိုင်း ၄၅ မိနစ်တွင် ဂိုးရရှိရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ၉ မိနစ် ၅၂ စက္ကန့်တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းမှ ညီညီသန့် ကျောနံပတ် (၁၀) က မြန်မာအသင်းအတွက် ပထမအဖွင့်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး ၁၄ မိနစ် ၄၂ စက္ကန့်တွင် ဆီးရီးယား U-17 အမျိုးသားဘောလုံးအသင်းမှ AHMAD ALFARAJ ကျောနံပတ် (၉) က ချေပဂိုး ပြန်လည်သွင်းယူခဲ့ပြီးနောက် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းမှ လင်းရောင်ကျောနံပါတ် (၈) အစား ဝင်းမင်းသန့်ကျောနံပါတ် (၆) အား လူစားလဲလှယ်ကစားခဲ့ရာ ၊ ၃၄ မိနစ် ၀၄ စက္ကန့်တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းမှ အန့်ထူးပိုင် ကျောနံပတ် (၇) က ဒုတိယအနိုင်ဂိုးအား ထပ်မံသွင်းယူနိုင်ခဲ့သည်။

ဆက်လက်ပြီး ဒုတိယပိုင်း ၈၅မိနစ် ၄၀စက္ကန့်တွင် ဆီးရီးယား U-17 အမျိုးသားဘောလုံးအသင်းမှ ODEY ALFASHTAKI ကျောနံပါတ် (၁၆) က ချေပဂိုးအား ထပ်မံသွင်းယူခဲ့သည်။ မြန်မာ U-17 အမျိုးသားဘောလုံးအသင်းအနေဖြင့် ဂိုးထပ်မံရရှိရေးအတွက် အကြိတ်အနယ်တိုက်စစ်ဆင်ယှဉ်ပြိုင်ကစားခဲ့သော်လည်း ပြိုင်ပွဲပြီးဆုံးချိန်တွင် တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အဆိုပါပွဲစဉ်တွင် ပထမပိုင်း၌ ကျောနံပတ် (၃) မြင့်မြတ်ကိုကို၊ ကျောနံပတ် (၄) မျိုးခန့်ကျော်၊ ကျောနံပတ် (၅) အသင်းခေါင်းဆောင် အောင်သီဟ ၊ ကျောနံပတ် (၇) အန့်ထူးပိုင် ၊ ကျောနံပါတ် (၈) လင်းရောင်၊ ကျောနံပါတ် (၁၀) ညီညီသန့်၊ ကျောနံပါတ် (၁၃) မြတ်မင်းသူ၊ ကျောနံပါတ် (၁၅) ဝင်းဇော်၊ ကျောနံပါတ် (၁၆)ချန်လန်တိန့်၊ ကျောနံပါတ် (၁၈) ထက်ဝေယံ၊ ကျောနံပါတ် (၁၉) ရဲနိုင်အောင် အားကစားသမား (၁၁) ဦးတို့က အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ဒုတိယပိုင်း (၄၅) မိနစ်တွင် ကျောနံပတ် (၁၉) ရဲနိုင်အောင်အစား ကျောနံပတ် (၉) ဒီဝေယံလည်းကောင်း၊ ကျောနံပတ် (၁၆) ချန်လန်တိန့်အစား ကျောနံပတ် (၂) ပိုင်စိုးကျော်ကလည်းကောင်း၊ ကျောနံပတ် (၁၀) ညီညီသန့်အစား ကျောနံပတ် (၂၃) ကောင်းခန့်တို့အား လဲလှယ်ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် ခြေစစ်ပွဲအဆုံးအဖြတ်သည် အာရှဖလားဝင်ခွင့်ဖြင့် ၁၉ နှစ်ကြာ ဝေးကွာခဲ့ရသည့် မြန်မာယူ ၁၇ အသင်းအတွက် အာရှဖလားဝင်ခွင့်ကို ပြန်လည်ရယူနိုင်ခဲ့သည့် သမိုင်းဝင်နေ့ရက်တစ်ရက်ဖြစ်ခဲ့သည်။ မြန်မာ ယူ ၁၇ အသင်းသည် အုပ်စုပွဲစဉ်များတွင် အာဖကန်နစ္စတန်အသင်းကို ၃ ဂိုး-၁ ဂိုး၊ နီပေါအသင်းကို ၄ ဂိုး - ဂိုးမရှိ၊ အိုမန်အသင်းကို ၂ဂိုး- ဂိုးမရှိ၊ ဆီးရီးယားအသင်းကို နှစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ကာ အုပ်စုတွင်းရမှတ် ၁၀ မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ အာရှ ယူ-၁၇ ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေ ၇ ရက်မှ ၂၄ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper - 3488 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download